သရက်-မင်းလှလမ်းမှဓာတ်ကုန်း-ပေါက်တောလမ်းပေါ်ရှိ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းကိုကွင်းဆင်းစစ်ဆေး
သရက်-မင်းလှလမ်းမှဓာတ်ကုန်း-ပေါက်တောလမ်းပေါ်ရှိ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းကိုကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 09, 2025

သရက် ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်-မင်းလှလမ်းမှ ဓာတ်ကုန်း-ပေါက်တော လမ်းပေါ်ရှိရေကျော်တည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၂၄၃ ဒသမ ၇၅ သန်းဖြင့် ထနောင်းမြန်မာကုမ္ပဏီက တာဝန်ယူတည်ဆောက်သော သရက်-မင်းလှလမ်းမှ ဓာတ်ကုန်း-ပေါက်တော လမ်းပေါ်ရှိ ရေကျော် R.C.C Box ပါသော ရေကျော်ပေ ၂၂၀ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားကြောင်း သိရသည်။
ဇော်ထက်(သရက်)