ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / October 03, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ “ချမ်းမြေ့မေတ္တာ” ဘိုးဘွားရိပ်သာအနီး ဓနုဖြူ-ရန်ကုန်လမ်း မိုင်တိုင်အမှတ် ၁၈ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဓနုဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်တုန်းမြို့မှ ဓနုဖြူမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ ရဲစုကြီးရပ်ကွက်နေ သိန်းနိုင်(၅၄)နှစ် မောင်းနှင် လာသော YGN-36/4N-XXXX NISSAN မော်တော်ယာဉ်နှင့် ဓနုဖြူမြို့မှ ညောင်တုန်းမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သံတောင်ရပ်ကွက်နေ အောင်ကျော်ဖြိုး(၂၃)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့ လမ်းအလယ်၌ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် အောင်ကျော်ဖြိုးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် သိန်းနိုင်နှင့် အောင်ကျော်ဖြိုးတို့ နှစ်ဦးအား ဓနုဖြူမြို့မရဲစခန်း ယာဉ်(ပ)၁၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။