(၃၇)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အားဂုဏ်ပြုကြိုဆိုသောအားဖြင့်စုပေါင်းသွေးလှူဒါန်း
(၃၇)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အားဂုဏ်ပြုကြိုဆိုသောအားဖြင့်စုပေါင်းသွေးလှူဒါန်း
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 28, 2025
ဘားအံ အောက်တိုဘာ ၂၈
နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံးကြီး(ဘားအံ)၊ ရောဂါ ဗေဒဌာန၊ သွေးလှူဘဏ်တွင် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခဲ့ကြ သည်။
ထိုသို့စုပေါင်းသွေလှူဒါန်းနေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးမင်းရွှေ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသုရေးဦးစီးဌာနပြည်နယ်ဦးစီးမှူးဒေါက်တာကျော်စွာမြင့်၊ ဆေးရုံ အုပ်ကြီးဒေါက်တာဘရန်အောင်နှင့်တာဝန်ရှိသူများက သွေးလှူဒါန်းကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်နှင့်သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးနေမှု၊ သွေးလှူဒါန်းရန်ကိုက်ညီသူများက ကျန်းမာရေးဝန်ထမ်းများ ၏အကူအညီဖြင့် သွေးသန့်များဖောက်ထုတ်လှူဒါန်းပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူ များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံအားပေးစကားများပြောကြားကာ အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ် ခဲ့ကြပါသည်။
