(၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ထိုးသတ်

(၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ထိုးသတ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 09, 2018


ဘားအံ နိုဝင်ဘာ ၉
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့အထူးစာချုပ်စိန်ခေါ်ပွဲများကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သိရိသံလွင်ကွင်း(မြို့မဘောလုံးကွင်း)၌ ကျင်းပလျက်ရှိရာ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒုတိယနေ့ပွဲစဉ်များအဖြစ် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
 ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအဖြစ် စိန်ခေါ်ကြားပွဲ ၉ ပွဲ၊ ၁၀ သိန်းအောင်လံလုပွဲ ကွာတားအဆင့် ၄ ပွဲ၊ ၇ သိန်းအောင်လံအကြို ဗိုလ်လုပွဲ ၂ ပွဲ၊ အထူးစာချုပ်စိန်ခေါ်ပွဲ ၈ ပွဲစုစုပေါင်း ပွဲစဉ်ပေါင်း ၂၃ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ အသဲမာမာအားပါပါဖြင့် ပရိတ်အကြိုက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည့်အတွက် လာရောက်ကြည့်ရှုသည့်ပရိတ်သတ်များ နှစ်သက်အားရ သဘောကျခဲ့ရသည့် နေ့တစ်နေ့လည်းဖြစ် သည်။
 မြန်မာ့ရိုးရာလက်ဝှေ့အထူးစာချုပ်စိန်ခေါ်ပွဲများတွင် (၄)ချီစာချုပ်စိန်ခေါ်ပွဲများအဖြစ် အေင်ခဲစော(တိုက်ဂါး)နှင့် ပိုင်ထူးဦး(တောင်ကလေး)၊ စိုးမင်းထိုက်(ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် မှဲ့လေး(သုံးပန်လှ)တို့ အကြိတ်အနယ်ယှဉ်ပြိုင် ထိုးသတ်ကြသော်လည်း အရှုံးအနိုင်မပေါ်ဘဲ အလူးအလဲနှင့် ပူးတွဲသရေဖြင့်လည်းကောင်း၊ (၅)ချီစာချုပ်စိန်ခေါ်ပွဲတွင် ဝမ်းဝမ်း(သုံးပန်လှ) နှင့်သက်ပိုင်အောင်(ရွှေဘားလား)၊ ထရိန်း(တိုက်ဂါး)နှင့်သန်းဇော်(ရန်စစ်ငြိမ်း)၊ မင်းမောင်မောင် (တောင်ကလေး)နှင့် ဝမ်းစတား(တိုက်ဂါး)တို့ ခြေကန်ချက်များ၊ လက်သီးထိုးချက် များ၊ ဒူးတိုက်ချက်များဖြင့် အသဲချင်းကပ် ရင်ချင်းအပ်၍ အသဲမာမာအားပါပါဖြင့် ယှဉ်ပြိုင်ထိုးသတ်ကြသော်လည်း တစ်ဦးကိုတစ်ဦး အလဲမထိုးနိုင်၍ ပူးတွဲသရေဖြင့်လည်းကောင်း၊ အောင်မင်းသူ(တောင်ကလေးနှင့်)ငမိုက်(ရွှေဖူး)တို့ပွဲတွင် ဒုတိယအချီအပြီး၌ အောင်မင်းသူ ဆက်လက်မယှဉ်ပြိုင်နိုင်တော့သဖြင့် ငမိုက်(ရွှေဖူး)က အနိုင်ရလဒ်ကိုလည်းကောင်း၊ နက္ခအောင်(တောင်ကလေး)က စိုးဝင်းသန်း(ရန်စစ်ငြိမ်း) ကိုဒုတိယအချီတစ်မိနစ် ၃၃ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊ ရန်နိုင်ထွန်း(ဇွဲကပင်မြေ)နှင့် စောရန်ပိုင် (သုံးပန်လှ)တို့ပွဲတွင် ပထမအချီ ၂ မိနစ် ၅၈ စက္ကန့်၌ စောရန်ပိုင်းကွဲရှုံး(ဆေးရှုံး)ဖြင့် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)က အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,