ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေပြည်တော်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သဘာဝသစ်တောငယ်တစ်ခုနှင့် သင်တန်းကျောင်း တည်ဆောက်မည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေပြည်တော်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သဘာဝသစ်တောငယ်တစ်ခုနှင့် သင်တန်းကျောင်း တည်ဆောက်မည်


Naypyitaw Development Committee/ နေပြည်တော် / November 09, 2018


အစိုးရရုံးများတည်ရှိရာ နေပြည်တော်မြို့တော်ကြီးသည် ယခုအခါပိုပိုစည်ကားတိုးတက်လာနေပြီ ဖြစ်ပြီး နောင်အနာဂတ်မြို့တော်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်ရှိပကတိအခြေအနေများ အပေါ် ခြုံငုံသုံးသပ်ပြီး အနာဂတ် ခရစ်နှစ် ၂၀၄၀ခုနှစ်အထိ မျှော်မှန်းကာ နိုင်ငံတော်ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒများနှင့် လိုက်လျောညီထွေသော အောက်ပါ မဟာဗျူဟာများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်- (၁) သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေမည့် မြို့တော် အဖြစ်ဖော်ထုတ်ရန်။ (Environmentally Sustainable City) (၂) စိမ်းလန်းစိုပြေ၍ မြို့ပြအင်္ဂါရပ်များနှင့်ပြည့်စုံစွာ စနစ်တကျဖြည့်ဆည်းပေးသည့် နေချင်စဖွယ် မြို့ပြအဖြစ် ဖော်ထုတ်ရန်။ (Green & Livable City) (၃) အဆင့်မြင့်ပညာရေးများကိုစဉ်ဆက်မပြတ် လေ့လာဆည်းပူးသင်ကြားနိုင်သည့် အခွင့်အလမ်း များ၊ နိုင်ငံတကာအဆင့်မီ ပညာရေးအဆောက်အဦများတည်ရှိရာ ဗဟိုချက်အဖြစ် ဖြည့်ဆည်း ဖော်ထုတ်ရန်။ (Centre Of Knowledge Hub) (၄) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခရီးသည်ပို့ဆောင်ရေးသာမက ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်းအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများပါ တိုးချဲ့လုပ်ကိုင်စေ၍ နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ပေးနိုင်သည့် ဗဟိုလေကြောင်းသယ်ယူ ပို့ဆောင်ရေး မြို့တော်အဖြစ်ဖော်ထုတ်ရန်၊၊ (International Aviation Transit,Cargo and Logistics Hub) (၅) ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်အားဖြည့်ဆည်းပေးထားသည့်မြို့တော်အဖြစ် ဖော်ထုတ်ရန်။ (Climate Change Resilient City) နေပြည်တော်၏တည်ရှိရာသည် မြန်မာပြည်ကြီး၏ ဗဟိုချက်နေရာတစ်ခုဖြစ်ပြီး အစိုးရရုံးများ တည်ရှိရာ နေရာဖြစ်သည့်အတွက် နိုင်ငံအနှံ့မှ ဝန်ထမ်းများပြည်သူများ သွားလာရေးလွယ်ကူချောမွေ့စေရန် ဆောင်ရွက်ထားရှိပြီး နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ဧည်သည့်တော်များ လာရောက်နိုင်ရေးအတွက်လည်း နိုင်ငံတကာလေဆိပ်ကြီး တည်ရှိနေပြီဖြစ်ပါသည်။ နေပြည်တော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် ဒေသခံ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတကာမှတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းမှု ပညာသင်ကျောင်းများအား လာရောက်ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်လျက်ရှိပြီး နိုင်ငံတကာမှ တက္ကသိုလ်များ မှလည်း စိတ်ပါဝင်စားစွာ လာရောက်လေ့လာနေပြီဖြစ်ပါသည်။ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် မြေနေရာများချမှတ်ပေးပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်ရုံး၊ မိခင်ကလေးမူကြိုကျောင်း၊ မြန်မာနိုင်ငံမသန်စွမ်းဗဟိုဌာန စသည့် ဖြင့်လည်း ရုံးနေရာများအား သတ်မှတ်ပေးခဲ့ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ထို့သို့ မြန်မာပြည်သူပြည်သားတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ မြှင့်တင်ရေး တို့အတွက် စီမံကိန်းများချမှတ် ဆောင်ရွက်ရာတွင် နိုင်ငံ၏ဗဟိုချက်မနေရာ ဖြစ်သည့် အစိုးရရုံးများ တည်ရှိရာ နေပြည်တော်ကြီးမှာလည်း နိုင်ငံတော်အတွင်းဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည် ဒေသများ အတွင်းရှိ ပြည်သူလူထု၏ လူနေမှု ဘဝ၊ ကျန်းမာရေး၊ ပညာရေးများ မြင့်တင်နိုင်ရေးအတွက်နှင့် တစ်ကမ္ဘာလုံး အလေးထားဆောင်ရွက်လာနေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အားပေးမြင့်တင်နိုင်ရေး၊ လူငယ်လူရွယ်များ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အလေးထားနိုင်ရေးနှင့် သက်မွေးဝမ်းကျောင်းမှု ပညာရပ်များပါ တတ်ကျွမ်းနိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ကူညီထောက်ပံ့ပေး၍ လူမှု အကျိုးပြုလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသော လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရာဇသင်္ဂဟအိမ်ယာ(၂) နှင့် Ocean Center အနီးမြေနေရာလွှတ်အား နေပြည်တော်စည်ပင်သာယာရေးကော်မတီထံသို့ လျှောက် ထား၍ သတ်မှတ်စျေးနှုန်းအတိုင်း ဝယ်ယူခဲ့ပါသည်။ အဆိုပါမြေနေရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သဘာဝသစ်တောငယ်တစ်ခုနှင့် သင်တန်းကျောင်းအား တည်ဆောက်မည်ဖြစ်ပြီး ပြည်တွင်းသဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ပြည်တွင်းပဋိပက္ခများကြောင့် ဒုက္ခရောက်နေသော စစ်ရှောင်ပြည်သူများ၊ တိုင်းရင်းသားမိသားစုများ ၊ ဒေသခံများမှ အတန်းပညာဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရခဲ့ကျသည့် လူငယ်လူရွယ်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတတ် ပညာများ၊ ဥယျာဉ်မှူးများ မွေးထုတ်ခြင်းနှင့် သက်မွေးဝမ်းကျောင်းမှု ပညာသင်ကြားခွင့် ရရှိခြင်းဖြင့် ၎င်းလူငယ်များ၏ အနာဂတ်များသာယာလှပလာမည်ဖြစ်ကြောင်း ကြားသိရသည်။ နေပြည်တော် ဒေသခံပြည်သူလူထုအတွက် ပညာရေး၊ လူမှုရေး၊ စီပွားရေး စသည့်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သကဲ့သို့ နေပြည်တော်မြို့တော်ကြီး မှာလည်း ပိုမိုစည်ပင် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

HOT NEWS
January 4,