အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ


Ministry of Information/ ​နေပြည်တော် / July 22, 2019
image_latest


နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ် စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရ ပိုင်ခွင့် များကို ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိသည်။
အလုပ်သမားòန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ပုံစံဖြင့် ကျား ၃၉၇၁ ဦး၊ မ ၅၅၉၁ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၉၅၆၂ ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/ အလုပ်သမား အငြင်းပွား မှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက် ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း လက်ခံရရှိမှု ၈၃ မှုတွင် ကျေအေးမှု ၁၄ မှု၊ လွှဲပြောင်းမှု ရှစ်မှု၊ ပိတ်သိမ်း မှုရှစ်မှုနှင့် ငွေကြေးအကျိုးခံစားခွင့် ၅၃ မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၁၃၂ ဦးအား ငွေကျပ်ကျပ် ၇၁၃၁၅၄၆၉ ကို ခံစားခွင့်ရရှိစေခဲ့ပါသည်။ ကျွမ်းကျင်လုပ်သားများ ရရှိစေရန်လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှု အဆင့် အလိုက် ကျွမ်းကျင် လုပ်သားများအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်၍ အသိ အမှတ်ပြုလက်မှတ် များထုတ်ပေးခြင်းများအနေဖြင့် အောက်ပါအတိုင်းဖြစ်သည်-
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက် ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေး ခံစားခွင့်များရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်ကို ခံစား ခွင့်ပေး နိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန်အတွက မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/အလုပ်ရုံ ၉၈၇ ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ဆိုင်ရာ နှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေး ဟောပြောပို့ချမှု ၂၂၁ ကြိမ် ဆောင်ရွက်ခဲ့သည်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု များ ဖြေရှင်းဆောင်ရွက်ရာတွင ခုံသမာ ဓိအဖွဲ့တွင် တစ်မှုနှင့် ခုံသမာဓိကောင်စီတွင် တစ်မှုကိုဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံ ရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှု အနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များ အလိုက် ငွေကျပ်ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် အကျိုး ခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၁၅၂ ဦး အတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၁၀၀ ကျော် ပြန်လည် ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ် ဇွန်လအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင် ဌာနကြီး ဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်-
 

HOT NEWS
January 4,