(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာ ရွှေ၊ ကြေးတစ်ခုစီရရှိ

(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာ ရွှေ၊ ကြေးတစ်ခုစီရရှိ


Ministry of Information/ ​နေပြည်တော် / July 22, 2019
image_latest


ဆီမာရန် ဇူလိုင် ၂၁
(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ဇူလိုင် ၂၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်မြို့၌ ဆက်လက် ကျင်းပရာ မြန်မာ အားကစားအဖွဲ့က ရွှေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအဝင် အိမ်ရှင် အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ အခြေခံပညာ ကျောင်းသားကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကြိုးတပ် သံလုံး ပစ်တွင် စောဒီဇင်ဘာသိန်း (မန္တလေး အား/ကာသိပ္ပံ)က ပထမ(ရွှေ)၊ မလေးရှားက ဒုတိယနှင့် တတိယဖြင့် လည်းကောင်း၊ မီတာ ၃ဝဝ၀ အပြေးတွင် လွီးဇာ (လွိုင်ကော်အား/ ကာသိပ္ပံ)က တတိယ(ကြေး)၊ ဒုတိယ အင်ဒိုနီးရှား၊ ပထမ ဗီယက်နမ် နိုင်ငံတို့ ရရှိခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံကပြိုင်ပွဲကိုးမျိုး ထည့်သွင်းထားသည့် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်နှင့် ပန်ချက်ဆီလက် အားကစားနည်း များဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌မြန်မာနိုင်ငံ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ များက ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ပြေးခုန် ပစ်ပြိုင် ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အာဆီယံကျောင်းသား အားကစားပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း- အေကေလင်း
ဓာတ်ပုံ- အောင်နိုင်ဝင်း
 

HOT NEWS
January 4,