ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူအား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 22, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၂  

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမြင့်သူအား ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့်ကိစ္စ၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ Project Bank နှင့် သက်ဆိုင်သည့်ကိစ္စ၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စ၊ အခွန်ပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စ၊ ဂျပန်နိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,