မြန်မာ့ခရီးသွားဘဏ် နေပြည်တော်(သပြေကုန်း)ဘဏ်ခွဲ ဖွင့်လှစ်

မြန်မာ့ခရီးသွားဘဏ် နေပြည်တော်(သပြေကုန်း)ဘဏ်ခွဲ ဖွင့်လှစ်


Ministry of Information/ ​နေပြည်တော် / September 12, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

မြန်မာ့ခရီးသွားဘဏ် လီမိတက်၏ နေပြည်တော် (သပြေကုန်း)ဘဏ်ခွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် သပြေကုန်း ပွဲရုံတန်းရှိ အဆိုပါဘဏ်ခွဲ ရှေ့မျက်နှာစာ ၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ မြန်မာ့ခရီးသွားဘဏ် မိတ်ဆက်ခြင်း အခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ဘဏ်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရည်မှန်းချက်များကို ရှင်းလင်းတင်ပြပြီး မြန်မာ့ခရီးသွား ဘဏ်၏ Theme song နှင့် မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မြန်မာ့ခရီးသွားဘဏ် နေပြည်တော်(သပြေကုန်း)ဘဏ်ခွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘဏ်ဆိုင်းဘုတ် အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

မြန်မာ့ခရီးသွားဘဏ် အနေဖြင့် ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ပြီးဖြစ်ကာ ယခုဖွင့်လှစ်သည့် နေပြည်တော်(သပြေကုန်း) ဘဏ်ခွဲသည် မြန်မာ့ခရီးသွားဘဏ်၏ တတိယ မြောက်ဘဏ်ခွဲ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,