ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကုလသမဂ္ဂယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကုလသမဂ္ဂယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၃

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby အား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု၊ မြန်မာအစိုးရမှ ဦးဆောင်ရေးဆွဲနေသည့် နေရပ်စွန့်ခွာသူများ၏ ယာယီ ခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ(မူကြမ်း) အပြီးသတ် ရေးဆွဲနေသည့်ကိစ္စ၊ မြန်မာ - UNDP- UNHCR တို့ လက်မှတ်ရေးထိုးထားသည့် နားလည် မှုစာချွန်လွှာ အကောင်အထည် ဖော်နေမှုကိစ္စ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး အသစ် ခန့်အပ်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)