တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက်(၁/၂၀၁၇) ပြင်ဆင်ထုတ်ပြန်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရေးဆွဲထားသော SOP(မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက်(၁/၂၀၁၇) ပြင်ဆင်ထုတ်ပြန်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရေးဆွဲထားသော SOP(မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Ministry of Information/ နေပြည်တော် / May 14, 2019

နေပြည်တော် မေ ၁၄
အစိုးရဌာန/အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချမှုများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇) ပြင်ဆင် ထုတ်ပြန်ရေးအတွက် တင်ဒါ လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တစ်နိုင်ငံလုံး တပြေးညီဖြစ်စေ ရေးအတွက် ပြုစုထားသည့် တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် (မူကြမ်း)ကို ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ သုံးစွဲကြပြီး တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေး ပြည့်မီ စွာ အချိန်မီအကောင်အထည် ဖော်ဆောင်ရွက်ပေးကြပါရန် အထူးတိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် (မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက တည်ဆောက်ခြင်း၊ ပစ္စည်း ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချမှုများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြား ချက်များ SOP (မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
(သတင်းစဉ်)