ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း


Ministry of Agriculture, Livestock and Irrigation / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)   လုပ်ကိုင်သူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )   နိုင်ငံခြားသားပိုင်ဆိုင်မှုကင်းရှင်းရမည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)   လိုင်စင်လျှောက်ထားလာသည့် ကမ်းဝေးငါးသယ်ရေယာဉ်အတွက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် ရေယာဉ်ဂရမ်မူရင်းနှင့် မိတ္တူ။

( ခ )   ငါးသယ်ရေယာဉ်၏ဝဲယာအနေအထား(၂)မျိုးနှင့်တစ်မျိုးလျှင် ဓါတ်ပုံ(၂)ပုံစီ။

( ဂ )   ရေယာဉ်ဂရမ်တွင်ဖော်ပြထားသည့် ပိုင်ရှင်၏ ဓါတ်ပုံ (၁)ပုံနှင့်အတူ ရေယာဉ်အား မိမိပိုင်ဆိုင်ကြောင်းကတိသစ္စာပြုလွှာနှင့် နိုင်ငံခြားသားအကျိုးစီးပွားပိုင်ဆိုင်မှုပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူသည်အထိ အရေးယူခံရမည်ကို သိရှိကြောင်းကတိဝန်ခံချက်။

(ဃ)    ရေယာဉ်သည် ယခင်နှစ်များတွင် ငါးလုပ်ငန်းများလုပ်ကိုင်ခဲ့ပါက ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးထားသည့် ငါးသယ် လိုင်စင်မူရင်း နှင့် မိတ္တူ။

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

(က)   တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ငါးလုပ်ငန်းဦးစီးဌာနများသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။

( ခ )   တိုင်းဒေသကြီး/ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယ်ရေယာဉ် ဂရမ်  မူရင်းနှင့် မိတ္တူများအား စိစစ်၍ တိုင်းဒေသကြီးဦးစီးဌာနမှူး ထံ တင်ပြ ရမည်။

( ဂ )   ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့်  ပြည်ပတင်ပို့ ငါးသယ်လိုင်စင်ခအတွက် 5 US$ /GRT/ Trip + Registration Fees 50US$ ပေးဆောင်ရမည်။

(ဃ)    ပြည်ပတင်ပို့သည့် ငါးသယ်လိုင်စင်ရရှိပြီးမှသာ ရေထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရမည်။

Website လိပ်စာ

www.dof.gov.mm