သင်္ဘောသားအသက်အာမခံ(Plan)
သင်္ဘောသားအသက်အာမခံ(Plan)
Ministry of Planning and Finance / August 13, 2024
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
သင်္ဘောသားအသက်အာမခံ(Plan) ကို အသက်(၁၈)နှစ် မှ (၆၀)နှစ် ရှိသူ ပြည်ပထွက်ခွာ သင်္ဘောသားများ ထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
သင်္ဘောသားအသက်အာမခံ (Plan 1) ကို အာမခံထားငွေ ကျပ်သိန်း ၁၀၀ အာမခံသက်တမ်း ၁ နှစ် ဖြင့် ပရီမီယံ ကျပ် ၆၀၀၀၀/-၊ အကယ်၍ အသက်(၆၀)နှစ် ကျော်သော်လည်း ကျန်းမာရေးကောင်းသဖြင့် သင်္ဘောသားအသက်အာမခံ (Plan 1) ထားရှိလိုပါက အပိုပရီမီယံ ကျပ် ၁၀,၀၀၀/-၊ ထပ်ဆောင်း၍ စုစုပေါင်းပရီမီယံ ကျပ် ၇၀,၀၀၀/- ဖြင့် လက်ခံဆောင် ရွက်ပေးပါသည်။ သင်္ဘောသားအသက်အာမခံ (Plan 1 မှ Plan 6) ကို အာမခံထားငွေ ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၁,၀၀၀ အထိ အာမခံသက်တမ်း ၁ နှစ်၊ (Plan 3 မှ Plan 6) အထိအား အနည်းဆုံး အာမခံထားငွေ ကျပ်သိန်း ၄၀၀ မှ အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိအား အာမခံသက်တမ်း ၆ လ နှင့် ၁ နှစ် ဟူ၍ နှစ်မျိုးခွဲခြား လက်ခံဆောင်ရွက် လျက်ရှိပါသည်။ ဝယ်ယူသည့် Plan အမျိုးအစားပေါ်မူတည်၍ ပရီမီယံနှုန်းထားနှင့် အကျိုးခံစားခွင့်များ ကွာခြားနိုင်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
နိုင်ငံကူးလက်မှတ်အမှတ်ဖော်ပြရန်လိုအပ်၍ သင်္ဘောသားမှတ်ပုံတင်အမှတ် စီဒီစီမိတ္တူနှင့် ဆေးမှတ်တမ်းမိတ္တူ တင်ပြရပါမည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံပေးသွင်းခြင်း
အဆင့်-၃
အာမခံလက်မှတ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- သင်္ဘောသားအသက်အာမခံ လက်ခံခြင်းအားကွန်ပျူတာစနစ်ဖြင့် အဆိုလွှာလက်ခံခြင်း၊ ပရီမီယံငွေရပြေစာ ထုတ်ပေးခြင်းနှင့်သင်္ဘောသား အသက်အာမခံ လက်မှတ်များအား စနစ်မှ တိုက်ရိုက်ထုတ်ပေးလျက်ရှိပါသည်။
- အာမခံသက်တမ်းအတွင်း သေးဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
- Core System Production, Mobile App, ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ Website နှင့် မြန်မာ့အာမခံလုပ်ငန်း ၏ Website များတွင် လည်း ဝယ်ယူထားရှိနိုင်ပါသည်။
Website: www.mminsurance.gov.mm
Mobile Application: Google Play Store and Apple Store ---> Myanma Insurance
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ သေဆုံးမှုအကျိုးခံစားခွင့်
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ
- Master Report
- Death Certificate and Cremation Certificate
- ၁၀၀/- ကျပ်တန်အခွန်စာချုပ် ၂ စောင်
- ရန်ကုန်သို့အလောင်းသယ်ယူပါက Airway Bill သံရုံးထောက်ခံချက်နှင့် သင်္ချိုင်းလက်မှတ်
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- အလောင်းမရရှိပါက ၁ နှစ် စောင့်ဆိုင်းပြီး အိမ်နီးချင်း(၄)ဦး၏ တစ်နှစ်အတွင်း အာမခံထားသူ အသက်ရှင်သွားလာမှုမရှိကြောင်းထောက်ခံချက်များနှင့်နိုင်ငံသားကတ်မိတ္တူများ
၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွ့
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- Master Report
- ဆေးကုသမှုမှတ်တမ်းနှင့်ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ထိခိုက်ဒဏ်ရာရရှိကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ