တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ
တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ
Ministry of Planning and Finance / August 15, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက် ၅နှစ် မှ ၆၅ နှစ်အထိရှိသူဖြစ်ရမည်။
ဝန်ဆောင်ခ
အာမခံထားငွေကို သိန်း(၃၀) မှ အများဆုံး အမေရိကန်ဒေါ်လာ (၁၅,၀၀၀) နှင့်ညီမျှသော မြန်မာကျပ်ငွေအထိသတ်မှတ်ထားပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အဆိုလွှာ
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း
အဆင့်-၃
လက်ခံလွှာထုတ်ပေးခြင်း
အဆင့်-၄
ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အာမခံကြေးကို အာမခံထားသူ၏အသက်ကွဲပြားမှု၊ အာမခံထားငွေတို့အပေါ် အခြေခံ၍ အသင့်တွက်ထားသည့် နှုန်းထားဇယားတို့ဖြင့် တွက်ချက်ကောက်ယူ ပါသည်။ ပရီမီယံကြေးကို (၁)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊(၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ်နှုန်းဖြင့် ပေးသွင်းနိုင်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ ရှင်သန်မှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ(သို့)ပတ်စပို့မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၂။ နှစ်စေ့အကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၃။ သေဆုံးမှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- အလောင်းမရရှိပါက ၂ နှစ် စောင့်ဆိုင်း၍ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှု မရှိကြောင်း ရပ်ကွက်/အုပ်ချုပ်ရေးမှူးထောက်ခံချက်
၄။ ပေါ်လစီကိုစာရင်းပိတ်ခြင်း
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- စာရင်းပိတ်မည်ဖြစ်ကြောင်းပေါ်လစီရှင်၏အကြောင်းကြားစာ
၅။ အမ်းငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၆။ ချေးငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာ
၇။ ကော်မရှင်ပေးခြင်း
- တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံတွင်ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါသည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။