News & Media
Latest News - 74798 items
Ministry of Information / Posted on April 18, 2024
၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော်တွင်ပါဝင်ဆင်နွှဲခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များသည် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြပြီး ဆင်ဖြူတော်ဆောင်သို့ ဆက်လက်သွားရောက် လေ့လာကြသည်။
Ministry of Information / Posted on April 18, 2024
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့အန္တရာယ်ကင်းပရိတ်တရားတော်နာအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရုံးအမှတ် (၄) ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on April 18, 2024
Ministry of Information / Posted on April 18, 2024
၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေ မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Ministry of Information / Posted on April 18, 2024
၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
Ministry of Information / Posted on April 18, 2024
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလဆန်း ၉ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဇနီး၊ ဦးစီးဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။