စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေ စီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေ စီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 01, 2020
image_latest


နေပြည်တော် ဇွန် ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေ စီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက် ဆွေးနွေးကြ သည်။

အစည်းအဝေးတွင် သမဝါယမ ကဏ္ဍ ချေးငွေစီမံကိန်း နှစ်ခု၊ စိုက်ပျိုးရေးကဏ္ဍ ချေးငွေစီမံကိန်း ရှစ်ခု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ကဏ္ဍ ချေးငွေစီမံကိန်း ရှစ်ခု စုစုပေါင်း ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်း ၁၈ ခု ၏ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်း ဆိုင်ရာများ၊ ငွေကြေးသုံးစွဲနိုင်မှုနှင့် တိုးတက်မှုများကို လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များ ဖြစ်ပေါ်လာခြင်း၊ ကြိုတင်ရေးဆွဲထားသည့် နှစ်အလိုက် ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကြန့်ကြာမှုများ ကြုံတွေ့နေရမှုများကို လည်းကောင်း၊ လာမည့် သုံးလအတွင်း ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,