ဆည်ရေသောက်ဒေသများ၏ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ဆည်ရေသောက်ဒေသများ၏ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး


Ministry of Information/ ​နေပြည်တော် / December 09, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

၂၀၁၉ ခုနှစ် မိုးရာသီအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှု လျော့နည်းခဲ့သဖြင့် ဆည်ရေလှောင်တမံများ ရေအဝင်ကျဆင်းခဲ့ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးမှုအတွက် စိုက်ပျိုးရေ လိုအပ်ချက်များ ဖြစ်ပေါ်လာမှု အပေါ် ဖြေရှင်းနိုင်ရေးအတွက် ဆည်ရေသောက်ဒေသများ ၏ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရင်ဆိုင်ကြုံတွေ့ ရသည့် ပြဿနာများတွင် စိုက်ပျိုးရေးကဏ္ဍအပေါ် သိသိသာသာသက်ရောက်မှုများ ကြုံတွေ့ရပါကြောင်း၊ မိုးလေဝသအခြေအနေအရ ဆည်များနှင့် ရေလှောင်တမံများ အတွင်း ရေဝင်ရောက်မှုနည်းပါးခြင်းနှင့် ရေသိုလှောင်နိုင်မှု ပမာဏလျော့ကျလာခြင်းတို့ကြောင့် နွေစပါးအပါအဝင် အခြားဆောင်းသီးနှံနှင့် နွေသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု အပေါ် ထိခိုက်မှုလျော့နည်းသက်သာစေရန် အဓိကလိုအပ်သည့်စိုက်ပျိုးရေ အတွက် ဖြည့်စွက်ရေအသုံးပြုနိုင်ရေး၊ စိုက်ပျိုးမည့်သီးနှံမျိုး ပြောင်းလဲရေး၊ သီးနှံပုံစံပြောင်းလဲရေးနှင့် နည်းပညာအပါအဝင် တောင်သူများ၏အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်သည့် အစီအမံများ ညှိနှိုင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေး ညှိနှိုင်းမှုကော်မတီများဖွဲ့စည်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထုတ် လုပ်မှုအရှိန်အဟုန် တိုးမြှင့်ရေးပေါင်းစပ်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ဆည်ရေသောက်ဧရိယာဖြစ်သော်လည်း စိုက်ပျိုးရေရရှိနိုင်မှုအခြေအနေအရ သီးနှံပြောင်းလဲစိုက်ပျိုး ခြင်းကို လိုအပ်သည့်အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ တာဝန်ခံများက ဆည်ရေသောက်ဧရိယာများအတွင်း ရေအလေ အလွင့်မရှိရေး၊ ရေအရင်းအမြစ်များ ဖော်ထုတ်အသုံးပြုနိုင် ရေး၊ သီးနှံပုံစံနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရေး အတွက် ကြိုတင်ဆောင်ရွက်ပေးနိုင်ခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ဌာနအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။

မိုးရာသီအတွင်း ဆည်ရေဝင်ရောက်မှုလျော့နည်းခဲ့သဖြင့် နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု အများဆုံးထိခိုက်နိုင်သည့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ဒေသကြီးများ ညတွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုနစ်နာမှုမရှိစေရေးအတွက် သင့်တော်သည့်စျေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းလျက် ရှိသည့်အပြင် သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး ဆည်ရေပေးဝေနိုင်မှုများကို ကြိုတင် အသိပေးကြေညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများအနေဖြင့် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်ပါက နီးစပ်ရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနရှိ ဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြာင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,