လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏(၅၀)ရာခိုင်နှုန်းပြည့်မြောက်သည့်အထိမ်းအမှတ်အခမ်းအနား ဘားအံ၌ ကျင်းပ

လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏(၅၀)ရာခိုင်နှုန်းပြည့်မြောက်သည့်အထိမ်းအမှတ်အခမ်းအနား ဘားအံ၌ ကျင်းပ


Kayin State Government/ ကရက်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 09, 2019


ဘားအံ ဒီဇင်ဘာ ၉

 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တစ်နိုင်ငံလုံးဓါတ်အားသုံးစွဲသူ အိမ်ထောင်စု (၅၀%)ပြည့် အထိမ်း အမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ကျင်းပသည်။

  ရှေ့ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ပြည်နယ်ဥပဒေချုပ်ဦးစောချစ်မြင့်လေး တို့က လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀)ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ် ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀)ရာခိုင်နှုန်း ပြည့်မြောက်သည့်ကာလတွင် ကရင်ပြည်နယ်အတွင်း၌လည်း လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ကရင်ပြည်နယ်အတွင်း ဓါတ်အားလိုင်းများ တိုးချဲ့တည်ဆောက် ခြင်း၊ ခွဲရုံများတည်ဆောက်ခြင်း၊ ရှိပြီးသောဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံများအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မီးလင်းပြီးအိမ်ထောင်စု ၄၉၃၅၆ စု ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၀၂ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မီးလင်းပြီးအိမ်ထောင်စု ၆၀၄၈၃ စု ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မီးလင်းပြီးအိမ်ထောင်စု ၆၅၈၅၈စု ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ၀၃ ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မီးလင်းပြီး အိမ်ထောင်စု ၁၀၄၇၈၆ စုရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၄ ဒသမ ၀၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်း မီးလင်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

 အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

HOT NEWS
January 4,