KM Healthcare Myanmar Co.Ltd မှ ပြန်လည်အသုံးပြ၍ရသော Maskများ ထောက်ပံ့လှူဒါန်း

KM Healthcare Myanmar Co.Ltd မှ ပြန်လည်အသုံးပြ၍ရသော Maskများ ထောက်ပံ့လှူဒါန်း


Ministry of Information/ ​နေပြည်တော် / May 23, 2020
image_latest


ပဲခူး မေ ၂၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေရှိ KM Healthcare Myanmar Co., Ltd မှ ပြန်လည်အသုံးပြု၍ရသော Mask (၄၅၀)ခုအား လာရောက် ထောက်ပံ့ လှူဒါန်းခဲ့သည်။

ရှေးဦးစွာ KM Healthcare Myanmar Co., Ltd , MD. Mr. Lee Dea Chun က ပဲခူးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများ အန္တရာယ် ကင်းစွာ ပြန်လည်လျှော်ဖွတ်ပြီး ရေရှည်အသုံးပြု၍ရသော Maskများအား ထုတ်လုပ်၍ လာရောက်ထောက်ပံ့ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ထပ်မံ၍လည်း လိုအပ်လာပါက ပဲခူးမြို့ဆေးရုံကြီး အတွက်လည်း ကျန်းမာရေး သုံးပစ္စည်းများ ဆက်လက်ထောက်ပံ့ လှူဒါန်းပေးသွားရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  KM Healthcare Myanmar Co., Ltd , MD. Mr. Lee Dea Chun နှင့် တာဝန်ရှိသူများက ပြန်လည်အသုံးပြု၍ရသော Mask (၄၅၀)ခုအား ပေးအပ်ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ KM Healthcare Myanmar Co., Ltd အနေဖြင့် မေ ၂၁ ရက်နေ့တွင် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးအား ပြန်လည်အသုံးပြု၍ရသော Mask (၃၀၀)ခု၊ MIC သို့ ပြန်လည် အသုံးပြု၍ရသော Mask (၁၅၀)ခု၊ ပဲခူးပြည်သူ့ဆေးရုံ၊ ဒေါက်တာရန်နိုင်မောင်ထံသို့ Surgical Gown (၂၀၀)စုံနှင့် ပြန်လည်အသုံးပြု၍ရသော Mask (၁၅၀)ခုတို့အား ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီး၊ မေလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေးဦးစီးဌာနသို့ Surgical Gown (၂၀၀)စုံနှင့် ပြန်လည် အသုံးပြု၍ရသော Mask (၁၅၀)ခု၊ ပဲခူးခရိုင်မီးသတ်ဦးစီးဌာနသို့ ပြန်လည်အသုံးပြု၍ရသော Mask (၁၀၀)ခု တို့အား ထပ်မံထောက်ပံ့လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများ၊ KM Healthcare Myanmar Co., Ltd မှ Mr. Lee Dea Chun ဦးဆောင်သော ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

HOT NEWS
January 4,