News

10865 Latest News

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် တွေ့ဆုံဆွေးနွေးပြီး အိန္ဒိယသမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

Ministry of Information / Posted on February 28, 2020

အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် တွေ့ဆုံဆွေးနွေးပြီး အိန္ဒိယ သမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်မြတ်ကြီးတွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မ အမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ပေးအပ်လှူဒါန်းပြီး သတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော်ကြည်ညို

Ministry of Information / Posted on February 28, 2020

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့တွင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂယာမြို့ရှိ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်တွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မ အမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ပေးအပ်လှူ ဒါန်းပြီး သတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၆/၂၀၂၀) ကျင်းပ

Ministry of Information / Posted on February 28, 2020

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

အကူသူနာပြု (ပြင်ပ) (၉) လ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Ministry of Information / Posted on February 28, 2020

အကူသူနာပြု (ပြင်ပ) (၉) လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင် ၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

Ministry of Information / Posted on February 28, 2020

မြန်မာနိုင်ငံတွင် နှစ်စဉ် ဖေဖော်ဝါရီလလယ်မှ မေလလယ်ခန့်အထိ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိရာ လေပြင်းဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်း သက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Ministry of Information / Posted on February 28, 2020

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၀) အစည်းအဝေး တက်ရောက် အမှာစကားပြောကြား

Ministry of Information / Posted on February 28, 2020

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပ

Ministry of Information / Posted on February 28, 2020

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

၂၀၂၀ ပြည့်နှစ် နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Ministry of Information / Posted on February 28, 2020

၂၀၂၀ ပြည့်နှစ်၊ နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။