News
Latest News - 65174 items

Ministry of Information / Posted on October 02, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိပါသည်။

Ministry of Information / Posted on October 02, 2023
ရခိုင်ပြည်နယ် ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပတိ၊ ပြည်တွင်း ပြည်ပသာသနာပြု ဓမ္မကထိက၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာန နာယကချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒအမှူးပြု၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီး တည်ဆောက်လျက်ရှိသော ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦး ဓမ္မစင်တာဝင်းအတွင်း၌ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်များအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ပင့်သံဃာတော် အပါး ၂၇၀ ကြွရောက်တော်မူကြပြီး အလှူရှင် ဒေသခံပြည်သူများက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။

Ministry of Information / Posted on October 02, 2023
နိုင်ငံတော်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် အေးချမ်းဖူလုံစွာဖြင့် နေထိုင်လုပ်ကိုင်လိုကြသည့်ဆန္ဒ အားလုံးတွင်ရှိကြရာ ဒေသတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာရေးကို လိုလားနေကြသည်။

Ministry of Information / Posted on October 02, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့် အတူယနေ့ မွန်းလွဲပိုင်းက ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး (ပြင်ဦးလွင်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

Ministry of Information / Posted on October 02, 2023
၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ရှိ သက်ဆိုင်ရာခန်းမအသီးသီး၌ပြုလုပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Ministry of Information / Posted on October 02, 2023
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများနှင့် နေပြည်တော်ကောင်စီနယ်မြေ သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

Ministry of Information / Posted on October 02, 2023
မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပြီးချိန်တွင် နယ်ချဲ့တို့က ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြုနိုင်ရန်အတွက် အက်ဥပဒေများပြဋ္ဌာန်းကာ ပုလိပ် (police) အဖွဲ့များ ဖွဲ့စည်းခဲ့ရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သမိုင်းစတင်ခဲ့သည်။ ပုလိပ်အဖွဲ့မှသည် ခေတ်အဆက်ဆက်တွင် အဆင့်ဆင့်ပြောင်းလဲလာခဲ့သော ရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ (People's Police Force) အမည်ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ထိုရက်ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် ၁၉၉၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။

Ministry of Information / Posted on October 02, 2023
အထူးကုသမှုလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်နှင့်မန္တလေးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ နှင့် အောက်တိုဘာ ၁ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ဦးနှောက်နှင့်အာရုံ ကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ သွေးရောဂါပညာ၊ အသည်းရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ သွားရောက်၍ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

Ministry of Information / Posted on October 02, 2023
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) ကို စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ရုရှားနိုင်ငံအရှေ့ဖျားဒေသ Primorsky Krai၊ Vladivostok မြို့ရှိ အရှေ့ပိုင်းစစ်ခရိုင် Sergeevsky လေ့ကျင့်ရေးနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

Ministry of Information / Posted on October 01, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၃၀-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Newspaper - 2460 items
Volume VI, Number 131, 26 Monday, August 2019

Volume VI, Number 130, 25 Sunday, August 2019
Volume VI, Number 129, 24 Saturday, August 2019

Volume VI, Number 128, 23 Friday, August 2019
Volume VI, Number 127, Thursday, 22 August 2019
Volume VI, Number 126, Wednesday, 21 August 2019
Volume VI, Number 125, Tuesday, 20 August 2019
