Latest News - 62154 items

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်၊ ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲ

Ministry of Information / Posted on May 26, 2024

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်နှင့် ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တိပိဋကကမ္ဘောဇကျောင်းတိုက်၌ ပြုလုပ်ရာ တိပိဋကမော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရား၊ စေတီများအား သွားရောက်ဖူးမြော်ကြည်ညို

Ministry of Information / Posted on May 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၀ ရပ်ကွက်၊ လှိုင်သီတာ ၅ လမ်းတွင် သစ်ပင်လဲကျမှု

Ministry of Home Affairs / Posted on May 26, 2024

၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၂၀ ရပ်ကွက်၊ လှိုင်သီတာ.....

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၃၆)၊ ၇၅ လမ်း x ၇၆ လမ်းကြား ၂ လမ်းတွင် နေအိမ်မီးလောင်မှု

Ministry of Home Affairs / Posted on May 26, 2024

၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက် နံနက် ၁၀ နာရီ ၅၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၃၆)၊ ၇၅ လမ်း......

Two Innocent Civilians Injured in Heavy Weapons Attack by KNU Member Supporting Terrorism and So-called PDF Terrorists

Ministry of Home Affairs / Posted on May 26, 2024

In respective States and Regions, insurgent groups supporting terrorism and so-called PDF terrorist groups have been carrying

Administrative Officials and Innocent Civilians Recklessly Shot Dead by KNU Member Supporting Terrorism and So-called PDF Terrorists

Ministry of Home Affairs / Posted on May 26, 2024

In some townships across States and Regions, armed terrorists motivated by a radical ideology that views 'anyone with differing ......

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

Ministry of Social Welfare, Relief & Resettlement / Posted on May 26, 2024

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၄)ရက်နေ့၊ (၁၀း၀၀)အချိန်မှ (၁၁း၃၀) အချိန်ထိ ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၌ သင်တန်းသား(ကိုရင်) (၇၀)ဦး၊ (၁၂း၀၀)အချိန်မှ (၁၃း၃၀)အချိန်ထိ၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းတွင် ကျောင်းသား/ သူ(၅၀)ဦးနှင့် (၁၄း၀၀)အချိန်မှ (၁၅း၃၀)အချိန်ထိ၊ ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတွင် ကျောင်းသား/ သူ(၁၀၀)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၂၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ဗီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ Source: DDM

ပျဥ်းမနားမြို့နယ်၊စက်ရုံကျောင်းနှင့် မြတ်ဆုမွန်(သစ်လေးလုံး)ကျောင်းတို့၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

Ministry of Social Welfare, Relief & Resettlement / Posted on May 26, 2024

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၄.၂၀၂၄) ရက်နေ့ ၊(၁၀း၀၀)အချိန်မှ (၁၂း၀၀) အချိန်ထိ ပျဥ်းမနားမြို့နယ်၊စက်ရုံကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၅း၃၀)အချိန်ထိ မြတ်ဆုမွန်(သစ်လေးလုံး)ကျောင်းတွင် ကျောင်းသား/ သူ(၅၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ဗီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါသည်။ Source: DDM

အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်

Ministry of Information / Posted on May 26, 2024

ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် သည် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏အနောက်မြောက်ဘက် ရေမိုင် ၃၃၀ ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၀၀ ခန့်၊ သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၂၆၅ မိုင်ခန့်၊ စစ်တွေမြို့၏အနောက်-အနောက် တောင်ဘက်ရေမိုင် ၂၁၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၂၀ ခန့်၊ အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၂၀ ခန့်နှင့် ကန်နင်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

No Data Available