News
Latest News - 82221 items
Ministry of Information / Posted on October 08, 2024
မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ်ကဂေါက်ကွင်းများတွင် (World Handicap System) ခေါ် ကမ္ဘာသုံးအချက်ရေအကျောပေးစနစ်ကို မြန်မာနိုင်ငံအတွင်းရှိ ဂေါက်သီး အားကစားကွင်းများတွင် အသုံးပြုနိုင်ရေးအတွက် နေပြည်တော်အတွင်းရှိ City Golf Club နှင့် Royal Myanmar Golf Club တို့၌ Course Rating တိုင်းတာပြီးစီးမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Royal Myanmar Golf Club ၌ ကျင်းပသည်။
Ministry of Information / Posted on October 08, 2024
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်။ နိုင်ငံရေးစနစ် ပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးခဲ့သည်။ စီးပွားရေးတွင် တိုးတက်မှုများရှိသကဲ့သို့ ဆုတ်ယုတ်မှုများ၊ ထိုက်သင့်သလောက် အောင်မြင်မှုမရှိသည်များလည်းရှိခဲ့သည်။ စီးပွားရေးအားနည်းချက်ဖြစ်ပေါ်မှုကြောင့် လူမှုဘဝတွင် ဂယက်ရိုက်ခတ်ပြီး နိုင်ငံရေးပြဿနာများလည်း ပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Ministry of Information / Posted on October 08, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့ တောင်စဉ်အေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Cal-dina မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on October 08, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့သို့ရောက်ရှိပြီး ကလောမြို့ အမှတ် (၁) နှင့် (၅) ရပ်ကွက်အတွင်း စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းများအား တစ်အိမ် တက်ဆင်း မေးမြန်းကောက်ယူနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
Ministry of Information / Posted on October 08, 2024
နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေး၊ စာရေရိက္ခာဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးတို့ကို အလေးထားဆောင်ရွက် ကြစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီရုံး၌တွေ့ဆုံပြီး တိုက်တွန်းပြောကြားသည်။
Ministry of Transport and Communications / Posted on October 08, 2024
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
Ministry of Information / Posted on October 08, 2024
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ရောက်ရှိပြီး ရေကြီးရေလျှံရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပဲလှော်ဖိုလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများ၏လုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနမှ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသည့်ချေးငွေဖြင့် ပဲလှော်ဖိုများပြင်ဆင်ခြင်း၊ အသစ်တည်ထောင်ခြင်း၊ ကုန်ကြမ်းများဝယ်ယူခြင်းနှင့် လုပ်ငန်းများစတင်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on October 08, 2024
အင်္ဂလိပ်ဘာသာတွင် Civilization ဟူသော ဝေါဟာရနှင့် Culture ဟူသော ဝေါဟာရတို့ကို မြန်မာပြန်ဆိုရာ၌ “ယဉ်ကျေးမှု”ဟူ၍သာ ယေဘုယျအားဖြင့် ပြန်ဆိုလေ့ရှိကြသည်။ ပိုမို၍နီးစပ်သော အနက် အဓိပ္ပာယ်အရမူ Civilization သည် သမိုင်းကာလ ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုကြီးများကို အဓိကရည်ညွှန်းခြင်းဖြစ်ပြီး Culture ကမူ သမိုင်းခေတ်များထဲမှ လူမှုဓလေ့စရိုက်များ၊ ခေတ်ပြိုင်ကာလ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မတူကွဲပြားသည့် လူမှုစရိုက်များကို ဆိုလိုခြင်းဖြစ်သည်။
Ministry of Information / Posted on October 08, 2024
ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် ပျဉ်းမနားမြို့ ကန်ဦးကျောင်းတိုက် မဟာစည်သာသနာ့ရိပ်သာ၊ ပဓာနနာယက၊ မဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တနန္ဒမာလာက ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားလျှောက်ထားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ဆက်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။
Ministry of Information / Posted on October 08, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသွားရာ လမ်းတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံများမှ မြေသားများလမ်းပေါ်သို့ ပြိုကျခဲ့မှုအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှု၊ ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့်လမ်းများအား ပြုပြင်ဆောင်ရွက်နေမှု၊ ယာယီသွားလာနိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဓာတ်အားပေးစက်ရုံသို့သွားရောက်သည့် ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးခဲ့မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Newspaper - 2945 items
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် ၊ အောက်တိုဘာ ၈ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ အောက်တိုဘာ ၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download