အသားထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားခြင်း(Online ဝန်ဆောင်မှု)
Services (Offline) -
526 items
Explore more
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ရေလမ်း) လျှောက်ထားခြင်း
Ministry of Industry / February 26, 2024
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ကုန်းလမ်း) လျှောက်ထားခြင်းsample title
Ministry of Industry / February 23, 2024
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ
Ministry of Labour / October 11, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိထားသော ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်လိုသည့်...
ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်း (လိုင်စင်ကြေး၊ ဒဏ်ကြေး၊ ဝန်ဆောင်ကြေး)
Ministry of Hotel & Tourism / June 09, 2023
အသားထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားခြင်း(Online ဝန်ဆောင်မှု)
Yangon City Development Committee / September 24, 2021
မြို့တော်နယ်နိမိတ်အတွင်း မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်(ခွေး၊ ကြောင်)များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်လျှောက်လွှာပုံစံကို ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန၏ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(ခရိုင်ရုံး)များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများတွင်လည်းကောင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ Website တွင် Download ပြုလုပ်၍လည်းကောင်း ရယူပြီး သတ်မှတ်ပုံစံတွင်လိုအပ်သည်များကိုဖြည့်စွက်၍ သက်ဆိုင်ရာ ခရိုင်နယ်မြေအလိုက် အောက်ဖော်ပြပါနေရာများတွင်သွားရောက်လျှောက်ထားနိုင်ပါသည်-
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အရှေ့ပိုင်းခရိုင်) အသားထုတ်လုပ်ရေးဌာနခွဲ(ဝက်)ရွာသာကြီးဝင်း(ညောင်နှစ်ပင်မှတ်တိုင်အနီး)၊ အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီးကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်။ |
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အနောက်ပိုင်းခရိုင်) ဟံသာဝတီလမ်းနှင့်ကမ်းနားလမ်းထောင့် (ဆင်မလိုက်မှတ်တိုင်အနီး၊ သရက်တောမြောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်။ |
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(တောင်ပိုင်းခရိုင်) အမှတ်(၃၉၉)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ၁၂ ခွဲထပ်(တိုးချဲ့ရုံး)(၆)လွှာ၊ ဗိုလ်တထောင်မြို့နယ်။ |
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(မြောက်ပိုင်းခရိုင်) အမှတ်(၉)၊ အောက်ကြည့်မြင်တိုင်လမ်း(ဆင်မလိုက်စျေးအနီး)၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်။ |
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့
(တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန)
အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်လွှာများနှင့် ကြက်၊ ဘဲ အရှင်ရောင်းချခွင့်လိုင်စင်လျှောက်လွှာပုံစံများရယူရန်
- အသားထုတ်လုပ်ခွင့်လိုင်စင်(၀က်)ရွာမ လိုင်စင်လျှောက်လွှာ လျှောက်လွှာပုံစံများရယူရန်
- အသားထုတ်လုပ်ခွင့်လိုင်စင်(ကြက်၊ဘဲ) လိုင်စင်လျှောက်လွှာ လျှောက်လွှာပုံစံများရယူရန်
- အသားထုတ်လုပ်ခွင့်လိုင်စင် ကျွဲ၊နွား၊သိုး-ဆိတ်၊၀က်(ရွာသာကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ) လိုင်စင်လျှောက်လွှာ လျှောက်လွှာပုံစံများရယူရန်
- ကြက်၊ဘဲအရှင်ရောင်းချခွင့် လိုင်စင်လျှောက်လွှာ လျှောက်လွှာပုံစံများရယူရန်
- အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊နွား၊၀က်)မြို့နယ်တွင်းထုတ်လုပ်ဖြန့်ဖြူးခွင့် (ဒလမြို့နယ်နှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်အတွက်သာ)လိုင်စင်လျှောက်လွှာလျှောက်လွှာပုံစံများရယူရန်
- သားငါးရောင်းချခွင့်လိုင်စင်(စျေးများအတွင်း၌သာ) လျှောက်ထားခြင်း။
- ငါးပုဇွန်နှင့်ရေထွက်ပစ္စည်းလက်ကားဒိုင်လိုင်စင်(ငါးစျေးများအတွင်းသာ)လျှောက် ထားခြင်း။
- ကြက်၊ဘဲအသားထုတ်လုပ်ခွင့်လိုင်စင်(ကြက်၊ဘဲစျေးနှင့်သီးခြားခွင့်ပြုနိုင်မည့်နေရာ) လျှောက်ထားခြင်း။
- ကြက်၊ဘဲအရှင်ရောင်းချခွင့်လိုင်စင်(ကော်မတီပိုင်ကြက်၊ဘဲစျေးများတွင်သာ) လျှောက် ထားခြင်း။
- အမဲ၊သိုး-ဆိတ်၊ဝက်အသားထုတ်လုပ်ခွင့်လိုင်စင် (သတ်မှတ်အသားထုတ်လုပ်ရုံများ၌ သာ)လျှောက်ထားခြင်း။(နှစ်စဉ်ဘဏ္ဍာရေးနှစ်မတိုင်မီကြိုတင်၍သတင်းစာ၌ကြော်ငြာ ပါမည်)
- မြို့နယ်တွင်းအမဲ၊ဝက်အသားထုတ်လုပ်ခွင့်လိုင်စင်(ဒလနှင့်ဆိပ်ကြီး၊ခနောင်တိုမြို့နယ်များအတွက်သာ)လျှောက်ထားခြင်း။(နှစ်စဉ်ဘဏ္ဍာရေးနှစ်မတိုင်မီကြိုတင်၍သတင်းစာ၌ ကြော်ငြာပါမည်)
- မွေးမြူရေးတိရစ္ဆာန်မွေးမြူခွင့်ရှိသော မြို့နယ်များတွင် ကျွဲ၊နွား၊မြင်း၊သိုး၊ဆိတ်၊ဝက်၊ ကြက်၊ဘဲများကိုတစ်နိုင်တစ်ပိုင်(သို့မဟုတ်)စီးပွားဖြစ်မွေးမြူခွင့်လိုင်စင်လျှောက်ထား ခြင်း။
- အလှမွေးငါးနှင့် အိမ်မွေးတိရစ္ဆာန်အရှင်ရောင်းချခွင့်လိုင်စင် လျှောက်ထားခြင်း။
- အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) မှတ်ပုံတင်ခြင်း။
- ကော်မတီပိုင်တိရစ္ဆာန်ဆေးကုခန်းတွင် အိမ်မွေးတိရစ္ဆာန်များအား ကာကွယ် ဆေးထိုးခြင်းနှင့်ရောဂါကုသပေးခြင်း။
- ပုဂ္ဂလိကမှခွင့်ပြုချက်ဖြင့်စီးပွားရေ:လုပ်ငန်းဆောင်ရွက်သည့်အဝန်းအဝိုင်းနေရာများတွင်ဝန်ဆောင်ခဖြင့်ခွေးလေခွေးလွင့်၊ မြေကြွက်နှင့်ကျီးကန်းရှင်းလင်းခြင်း။
မြို့တော်နယ်နိတ်အတွင်း လူတို့၏ အစားအစာအလို့ငှာ တိရစ္ဆာန်များကို တစ်ပိုင်တစ်နိုင် ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ မွေးမြူခွင့်ရှိသောမြို့နယ်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-
၁။ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
၂။ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
၃။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်
၄။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်
၅။ ဒလမြို့နယ်
၆။ ဆိပ်ကြီးခနောင်တိုမြို့နယ်
၇။ မြောက်ဥက္ကလာပမြို့နယ်
၈။ မင်္ဂလာဒုံမြို့နယ်
၉။ အင်းစိန်မြို့နယ်
၁၀။ လှိုင်သာယာမြို့နယ်
၁၁။ ရွှေပြည်သာမြို့နယ် တို့ဖြစ်ပါသည်။
မြို့တော်နယ်နိမိတ်အတွင်း လူတို့၏အစားအစာအလို့ငှာ တိရစ္ဆာန်များကို တစ်ပိုင်တစ်နိုင် ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ မွေးမြူခွင့်မရှိသောမြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁။ လမ်းမတော်မြို့နယ်
၂။ လသာမြို့နယ်
၃။ ပန်းဘဲတန်းမြို့နယ်
၄။ ကျောက်တံတားမြို့နယ်
၅။ ဗိုလ်တထောင်မြို့နယ်
၆။ ပုဇွန်တောင်မြို့နယ်
၇။ ဒဂုံမြို့နယ်
၈။ ဆိပ်ကမ်းမြို့နယ်
၉။ မင်္ဂလာတောင်ညွှန့်မြို့နယ်
၁၀။ ကြည့်မြင်တိုင်မြို့နယ်
၁၁။ စမ်းချောင်းမြို့နယ်
၁၂။ အလုံမြို့နယ်
၁၃။ ဗဟန်းမြို့နယ်
၁၄။ ရန်ကင်းမြို့နယ်
၁၅။ တာမွေမြို့နယ်
၁၆။ ကမာရွတ်မြို့နယ်
၁၇။ တောင်ဥက္ကလာပမြို့နယ်
၁၈။ လှိုင်မြို့နယ်
၁၉။ မရမ်းကုန်းမြို့နယ်
၂၀။ သင်္ယန်းကျွန်းမြို့နယ်
၂၁။သာကေတမြို့နယ်
၂၂။ ဒေါပုံမြို့နယ် တို့ဖြစ်ပါသည်။
FAQs
mnp.rating-v2 Portlet is temporarily unavailable.