သင်္ဘော လိုင်စင်လျှောက်ထားခြင်း





သင်္ဘော လိုင်စင်လျှောက်ထားခြင်း


Ministry of Hotel & Tourism / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးအတွက် လုပ်ငန်းလိုင်စင်များထုတ်ပေး၍ လုပ်ငန်းများဆောင် ရွက်လျှက်ရှိရာ သင်္ဘောဖြင့် နိုင်ငံခြားသား ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး ထားသည့် သက်တမ်းရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်း ကြောင်း လက်မှတ်၊ သက်တမ်းရှိခရီးသည် ပို့ဆောင်ခွင့်(ခ)လိုင်စင် အပိုင်း (၁)၊ အပိုင်း(၂)လိုအပ်ပါ သည်။

ဝန်ဆောင်ခ

 - ပြည်ပ (သို့)ဖက်စပ်သင်္ဘောများအတွက်         US$ ၂၅၀ဝ

 - နိုင်ငံသားပိုင်သင်္ဘောများအတွက်                 ၂၅၀၀၀ဝကျပ်

လိုအပ်သော စာရွက်စာတမ်းများ

လိုင်စင်လျှောက်လွှာ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် သက်တမ်း ရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်၊ သက်တမ်းရှိခရီးသည်ပို့ ဆောင်ခွင့်(ခ)လိုင်စင်အပိုင်း(၁)၊အပိုင်း(၂)။ခရီးစဉ်၊စျေးနှုန်း၊သင်္ဘောသားစာရင်းများ၊ရုံးခွဲစစ်ဆေးချက် လျှောက်ထားသူ၏ ဓါတ်ပုံ(၃)ပုံ၊သင်္ဘောဓါတ်ပုံ(၃)ပုံ၊ အိပ်ခန်း၊ ဧည့်ခန်း၊ စက်ခန်းဓါတ်ပုံ၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်း မိတ္တူတို့ဖြစ်ပါသည်။

လျှောက်ထားရန် အဆင့်များ

 လိုင်စင်လျှောက်လွှာ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် သက်တမ်း ရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်၊ သက်တမ်းရှိ ခရီးသည် ပို့ဆောင်ခွင့်(ခ)လိုင်စင်အပိုင်း(၁)၊အပိုင်း(၂)၊ခရီးစဉ်၊စျေးနှုန်း၊သင်္ဘောသားစာရင်းများ၊ရုံးခွဲစစ်ဆေးချက် လျှောက်ထားသူ၏ ဓါတ်ပုံ(၃)ပုံ၊သင်္ဘော ဓါတ်ပုံ (၃)ပုံ၊အိပ်ခန်း၊ဧည့်ခန်း၊ စက်ခန်း ဓါတ်ပုံ၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့စုံလင်ပါက အဆင့်ဆင့် စိစစ်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်ရုံး-        ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၅၈/၆၂)၊ ဗိုလ်အောင်ကျော် လမ်းနှင့်ကမ်းနားလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် မြို့။

မန္တလေးရုံး-     ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အမှတ် - ၂၁၁ ၊ ၂၉လမ်း၊ ၈၄ × ၈၅ ကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။

Website လိပ်စာ

မရှိပါ



HOT NEWS
January 4,