ကုမ္ပဏီမှတ်ပုံတင်ခြင်း
ကုမ္ပဏီမှတ်ပုံတင်ခြင်း
Ministry of Planning and Finance / April 18, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
မရှိပါ။
လိုအပ်သောစာရွက်စာတမ်းများ
- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
- ကုမ္ပဏီမှတ်ပုံတင်ကြောင်းကြေငြာချက်(ပုံစံ-၁)
- ကုမ္ပဏီရုံးခန်းတည်နေရာ အကြောင်းကြားစာ
- ဆောက်ရွက်မည့်လုပ်ငန်းရည်ရွယ်ချက်များ
- ဒါရိုက်တာများ အမည်စာရင်း (ပုံစံ - ၂၆)
- သင်းဖွဲ့မှတ်တမ်း
- သင်းဖွဲ့စည်းမျဉ်း
ဝန်ဆောင်ခ
၅၀၀,၀၀၀ ကျပ် (ကုမ္ပဏီအမျိုးအစားအလိုက်)
လျှောက်ထားရန်အဆင့်များ
အဆင့် (၁)
ရင်နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီအမည် စစ်ဆေးပါ။
အဆင့် (၂)
ရင်နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်ရန် ပုံစံများ ထုတ်ယူပြီး တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပါ။
အဆင့် (၃)
လက်မှတ်ထိုးထားသော ကုမ္ပဏီမှတ်ပုံတင်ရန် ပုံစံများကို ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြပြီး မှတ်ပုံတင်ကြေး ပေးဆောင်ပါ။
အဆင့် (၄)
ရင်နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အား ရယူပါ။
ဆက်သွယ်ရမည့် လိပ်စာ
အမှတ် ၁ ၊ သစ္စာလမ်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်။
ဖုန်း - ဝ၁-၆၅၈ ၁၀၃
ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ
နေပြည်တော်ရုံးခွဲ၊ နေပြည်တော်
ရုံးအမှတ် ၃၂ ၊ နေပြည်တော်
ဖုန်း - ဝ၆၇-၄ဝ၆၁၂၄ ၊ ဖက်စ် - ဝ၆၇-၄ဝ၆၁၆၆
မန္တလေးရုံးခွဲ၊ မန္တလေးတိုင်းဒေသကြီး
၂၆ x ၂၇ လမ်းကြား၊ ၈၄လမ်း၊ စျေးချိုအရှေ့ဘက်တိုက်တန်း၊ တတိယထပ်၊ ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးတိုင်းဒေသကြီး။
ဖုန်း - ဝ၂-၈၆၆၆၁ ၊ ဝ၂-၈၆၆၆၂၊ ဖက်စ် - ၀၂-၈၆၆၆၀
တောင်ကြီးရုံးခွဲ၊ ရှမ်းပြည်နယ်
ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနဝင်း၊အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်၊တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်။
ဖုန်း - ဝ၈၁-၂၁၂၄၂၉၃
မော်လမြိုင်ရုံးခွဲ၊ မွန်ပြည်နယ်
အမှတ် ၄ဝ၁၊ တိုးချဲ့ကမ်းနားလမ်း၊ မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင် မြို့နယ်၊ မွန်ပြည်နယ်။
ဖုန်း - ဝ၅၇-၂၃၃၉၅၊ ဖက်စ် - ၀၅၇-၂၀၂၃၃၈၅
ပုသိမ်ရုံးခွဲ၊ ဧရာဝတီတိုင်းဒေသကြီး
စုပေါင်းရုံး(OSS)၊ မြက်တို၊ ပုသိမ်မြို့
ဖုန်း ၀၄၂-၂၉၂၅၆၊ ၀၄၂-၂၉၂၅၇၊ ဖက်စ် ၀၄၂-၂၉၂၅၈
မုံရွာရုံးခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်စီမံခန့်ခွဲရေးကော်မတီရုံးဝင်း၊ ရုံးကြီးလမ်း၊ ရုံးကြီး ရပ်ကွက်၊ မုံရွာမြို့
ဖုန်း ၀၇၁-၂၆၂၇၄၊ ဖက်စ်- ၀၇၁-၂၆၂၇၅
ထားဝယ်ရုံးခွဲ၊ တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်စုပေါင်ရုံး၊ ဆန်းချီရပ်၊ထားဝယ်မြို့
ဖုန်း- ၀၅၉-၂၀၂၂၂၃၀ ၊ ဖက်စ်- ၀၅၉-၂၀၂၂၂၃၃
ဘားအံရုံးခွဲ၊ ကရင်ပြည်နယ်
ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သုဓနုလမ်း၊ ဘားအံမြို့
ဖုန်း- ၀၅၈-၂၂၇၅၀ ၊ ဖက်စ်- ၀၅၈-၂၂၇၄၉
ပဲခူးရုံးခွဲ၊ ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်း၊ တောင်ငူလမ်း၊ ရုံးကြီး ရပ်ကွက်၊ ပဲခူးမြို့
ဖုန်း- ၀၅၂-၂၂၀၁၇၄၇ ၊ ဖက်စ်- ၀၅၂-၂၂၀၁၇၄၈
မကွေးရုံးခွဲ၊ မကွေးတိုင်းဒေသကြီး
မြို့နယ်စုပေါင်းရုံး၊ ပြည်တော်သာလမ်း၊ ပြည်တော်သာ ရပ်ကွက်၊ မကွေးမြို့
ဖုန်း- ၀၆၃-၂၈၇၄၈ ၊ ဖက်စ်- ၀၆၃-၂၈၇၄၇
လွိုင်ကော်ရုံးခွဲ၊ ကယားပြည်နယ်
ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဒေါ်ဥခူရပ်ကွက်၊ လွိုင်ကော်မြို့
ဖုန်း- ၀၈၃-၂၂၂၄၁၈၄၊ ဖက်စ်- ၀၈၃-၂၂၂၄၁၈၅
ဖြည့်စွက်ချက်
ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ကုမ္ပဏီလုပ်ငန်း အမျိုးအစား များအနက်မှ သင်လျော်သည့်အမျိုးအစားဖြင့် မှတ်ပုံတင်နိုင်ပါသည်-
- အများနှင့် မသက်ဆိုင်သော မြန်မာကုမ္ပဏီ (ပုဂ္ဂလိက ပိုင် ကုမ္ပဏီ)
- အများနှင့် သက်ဆိုင်သော မြန်မာကုမ္ပဏီ
- နိုင်ငံခြားကုမ္ပဏီ
- နိုင်ငံခြား ကုမ္ပဏီ ရုံးခွဲ (သို့မဟုတ်) ကိုယ်စားလှယ် ရုံးခွဲ
- ဖက်စပ်ကုမ္ပဏီ
- အသင်းအဖွဲ့
ကုမ္ပဏီအမျိုးအစားအလိုက် လျှောက်ထားရန် အဆင့်များကို Website တွင် ကြည့်ရှုနိုင်ပါသည်။
Website လိပ်စာ
http://www.dica.gov.mm/mm/my/243318
FAQs
ကုမ္ပဏီမှတ်ပုံတင်ကြေးကိုဖော်ပြပါ။
မည်သည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီအမျိုးအစားအတွက် မဆို ကုမ္ပဏီမှတ်ပုံတင်ကြေးမှာ (၅ဝဝ,ဝဝဝ)ကျပ် ဖြစ်ပြီး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ အမျိုးအစားများအတွက် ၂,၅၀၀,၀၀၀ ကျပ် ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီ အမည်စစ်ပုံစံအတွက် (၁,ဝဝဝ)ကျပ်နှင့် ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာပုံစံများ အတွက် (၅,၁ဝဝ) ကျပ်တို့အား ပေးဆောင်ရပါမည်။
ကုမ္ပဏီအမျိုးအစားအားလုံးအတွက် (မြန်မာနိုင်ငံသား ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီနှစ်မျိုးလုံးအတွက်) မှတ်ပုံတင်ကြေးမှာ တပြေးညီဖြစ်ပါသည်။
ကုမ္ပဏီမှတ်ပုံတင်ခွင့်လျှောက်ထားသူများသည် ပြည်တွင်းအခွန်များဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန်အား ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီ၏ မတည် ငွေရင်း သတ်မှတ်ချက်ပေါ်မူတည်ပြီး တံဆိပ်ခေါင်းခွန် သည် (၆၅,ဝဝဝ)ကျပ် နှင့် (၁၆၅,ဝဝဝ)ကျပ် အတွင်း ပေးဆောင်ရပါသည်။ လျှောက်ထားသူများသည် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတ်မှတ်ထားသော အချိန်ကာလအတွင်းပေးဆောင်ရပါမည်။ အသင်းဖွဲ့စည်း မှတ်ပုံတင်ခြင်းအပေါ် တံဆိပ် ခေါင်းခွန်ပေးဆောင်ရန် မလိုပါ။
http://www.dica.gov.mm/mm/faq တွင် မေးခွန်းများအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အသေးစိတ် ဖော်ပြပေးထားပါသည်။