ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

 

ဖွဲ့စည်းပုံ

၁။      ဧရာဝတီတိုင်းဒေသကြီး၏ ဧရိယာမှာ ၁၃၅၆၈ စတုရန်းမိုင်အကျယ်အဝန်းရှိပြီး ခရိုင်(၆)ခရိုင်၊ (၂၆) မြို့နယ်နှင့်ဖွဲ့စည်းထားပါသည်။ တစ်မြို့နယ်လျှင် ပြည်သူတို့၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခဲ့သော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးစီဖြင့် (၅၂)ဦး၊ ကရင်/ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာကိုယ်စားလှယ် (၂) ဦး၊ တပ်မတော်သားကိုယ်စားလှယ် (၁၈) ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးဖြင့် ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို ဖွဲ့စည်းထားပါသည်။

 

ရည်မှန်းချက်

၂။       ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ ရည်မှန်းချက်မှာအောက်ပါအတိုင်းဖြစ်ပါသည် -

          - ဥပဒေပြုခြင်း၊

          - ကိုယ်စားပြုခြင်း၊

          - အပြန်အလှန်ထိန်းကျောင်းခြင်း။

 

လုပ်ငန်းတာဝန်များ

၃။      ဧရာ၀တီတိုင်းဒေသကြီးလွှတ်တော် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ရွေးကောက်တင်မြှောက်ခြင်း၊

(ခ ) ပြည်သူလူထုကိုကိုယ်စားပြုခြင်း၊

(ဂ ) ဥပဒေပြုခြင်း၊

(ဃ) အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းများ၏ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိခြင်း။

Website လိပ်စာ

https://ayeyarwadyregion.hluttaw.mm/