ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၌ နေအိမ် မီးလောင်မှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၌ နေအိမ် မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 25, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ လယ်ကုန်းရပ်ကွက်၌ ပိုင်ရှင် ကိုရှိုင်းထက်အောင်(၂၇)နှစ်၏ ၁၆ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် နေအိမ်တွင် မီးပလတ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြစ်ကြီးနားခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင် များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၁၆ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် နေအိမ် သုံးလုံး၊ ၁၆ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ရှိုင်းထက်အောင် အား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ