ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၁၆၈ ဦးအား မြန်မာနိုင်ငံသို့ ထပ်မံပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၁၆၈ ဦးအား မြန်မာနိုင်ငံသို့ ထပ်မံပြန်လည်ခေါ်ဆောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 23, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ ပြည်ပတွင်နေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှတဆင့် အခက်အခဲများကို တင်ပြတောင်းခံလာပါက လိုအပ်သည့်ကူညီစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ထပ်မံခေါ်ဆောင်ပေးရာ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသား ၈၇ ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့လည်းကောင်း၊ ညပိုင်းတွင် မြန်မာနိုင်ငံသား ၈၁ ဦးကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့လည်းကောင်း အသီးသီးပြန်လည်ခေါ်ဆောင် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် အသီးသီးပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ယနေ့တွင်လည်း မြန်မာနိုင်ငံသား ၁၆၈ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း မြန်မာနိုင်ငံသား ၁၂၅၄ ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ယနေ့တွင် မြိတ်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့များအား ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မင်္ဂလာဒုံ ခရိုင်/ မြို့နယ်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံ၍ စားသောက်ဖွယ်ရာများပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

Posted on Feb 23, 2026

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

Posted on Feb 23, 2026

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်

Posted on Feb 23, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်