ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အရှင်သူမြတ် အား သွားရောက်ဖူးမြော်ကြည်ညို

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အရှင်သူမြတ် အား သွားရောက်ဖူးမြော်ကြည်ညို


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 20, 2024


ဘားအံ - ဧပြီ (၂၀)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၅ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တ ပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက် ထားတင်ပြပြီး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်ကြီးမှ ဆုံးမဩဝါဒကထာ ပြန်လည်မြွတ်ကြားသည်။

အလားတူ ပြည်နယ်သူ၊ပြည်နယ်သားများ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေရန် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ကြီးမှူး၍ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မပါလအမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းမှ ဆရာတော်ကြီး ၄၅ ပါးတို့သည် မြန်မာနှစ်ဆန်း(၂)ရက်နေ့တွင် ဘားအံမြို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်သရဇ္စျာယ်ကာ မေတ္တာပို့ပေးခဲ့ ကြသည်။

ဦးစွာ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်သရဇ္ဈာယ်မည့် ဆရာတော်၊ သံဃာတော်များသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံတွင် စုဝေးကြပြီး ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစော ထွန်းအောင်က အိတ်ဆောင် ပရိတ်ကြီးပါဠိတော်နှင့်မေတ္တာဘဝနာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘားအံမြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မပါလ အမှူးပြုသော ဆရာတော်၊သံဃာတော်များက ဗိုလ်ချုပ်လမ်း တောင်တန်းသာသနာပြု(ဗဟို) ကျောင်းမှစတင်၍ နာရီစင်မီးပွိုင့်၊ မင်းတန်းလမ်း၊ ဘီအိုစီကွေ့၊ ကမ်းနားလမ်း၊ ရတနာဆင်ဖြူတော်လေးစီးနှင့်ဖားစည်အဝိုင်း၊ ထို့မှတစ်ဆင့် ဘားအံမြို့ရှောင်လမ်း၊ ရဲသာ(ကမော့ကစင်)လမ်းဆုံ၊ လှာကဒေါင်နဒုက္ခသုခံလမ်း၊ ဘားအံ-ကော့ကရိတ်လမ်းမှတစ်ဆင့် ရေကျော်-လှိုင်းဘုံ-လှာကမြင်လမ်း၊ မဲဘောင်၊ ဘားအံလှိုင်းဘွဲလမ်းဆုံမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း တောင်တန်းသာသနာပြု(ဗဟို)ကျောင်းသို့ လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်၍ ဘားအံမြို့သူ၊မြို့သားများ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ ဘေးအန္တရာယ်ကင်းဝေး စေရေးအတွက် မေတ္တာပို့သပေးခဲ့ကြပါသည်။


၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Posted on May 3, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

HOT NEWS
January 4,