ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး၊ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာထောက်ပံ့၊ အောင်မြင်ဖြစ်ထွန်းနေသောနွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး၊ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာထောက်ပံ့၊ အောင်မြင်ဖြစ်ထွန်းနေသောနွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 05, 2024


ဘားအံ - မေ (၄)

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကိုအခါအားလျော်စွာဆောင်ရွက်လျက်ပြီး မကြာမီကာလအတွင်းကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မေလ ၄ ရက် နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၀)အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တရုတ်လှစံပြကျေးရွာအထက်တန်းကျောင်းတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား ၁၅၀၀ ဦးခန့်သည် ယာဉ်၊ယန္တရားများအသုံးပြု၍ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့် စွန့်ပစ်ပစ္စည်းအမှိုက်များသိမ်းဆည်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်းအစရှိသော စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကျောင်းများတွင် ကျောင်းဆောင်၊ စာသင် ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း၊ သန့်စင်ခန်းများနှင့် ရေ၊ မီး ပြည့်စုံလုံလောက်မှု ရှိ/မရှိ ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ ကျောင်းနေပျော်၍ ပညာ တော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သောပတ်ဝန်ကျင် ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်းရှိ ခရီးစဉ်ဒေသတစ်ခုဖြစ်သော လွန်းညရေပြာအိုင်သို့ သွားရောက်ပြီး ရေပြာအိုင်ကန်ပတ်လမ်းမြေသားတာဘောင်ဖို့မြင့်တင်နိုင်ရေးနှင့် အဆိုပါ ခရီးစဉ်ဒေသအား ထပ်မံအဆင့်မြင့်တင်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ က ဆောင်ရွက်မည့်လုပ်ငန်းများအား လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွန်းညဘေးမဲ့တိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဝါရိန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်၊ ကျေးရွာများအတွင်း အဓ္ဓမဝင်ရောက်နေထိုင်ပြီး အကြမ်းဖက်လုပ်ငန်းများနှင့်တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာမြို့နယ်၊ကျေးရွာများရှိ ဆွေမျိုးများနေအိမ်နှင့်ဘာသာရေးအဆောက်အဦများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ မေလ ၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က လွန်းညဘေးမဲ့တိုက်ကျောင်းဓမ္မာရုံ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့ခြင်းအခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီပြောင်း ရွှေ့အိမ်ထောင်စုပေါင်း ၇၇၁၁ စု၊ လူဦးရေ ၃၀၆၄၀ ဦးအား နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ အကြိမ်ကြိမ်ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့်နှီးနွယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ နယ်မြေတည်ငြိမ်မှုအားကောင်းလာပြီဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်းမှဆောင်ရွက်၍မရဘဲ ဒေသခံများကိုယ်တိုင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေး ကြိုတင်ပြင် ဆင်စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က အိန္ဒု၊ ခရားအတွင်း၊ ကော့ကဒါ၊ လွန်းည၊ ကော့စိန်ဘန်အောက်၊ ဇာသပြင်အရှေ့၊ နောင်လုံအရှေ့ကျေးရွာအုပ်စု တို့တွင် ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု(၃၄၈)စု၊ လူဦးရေ(၁၄၈၄)ဦးအတွက် စုစုပေါင်းဆန်အိတ် ၁၀၄၃ အိတ်ကို ထောက်ပံ့ပေးအပ်ရာ ယာယီပြောင်းရွှေ့နေထိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေးကိစ္စရပ်များအဆင်ပြေစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု ၅၉၂၈ စု၊ လူဦးရေ ၂၃၆၂၄ ဦးတို့အား ဆန် ၁၉၇၆ အိတ်၊ ဆီ ၅၉၂၈ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၂ ဖာကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၅၃၉ စု၊ လူဦးရေ ၆၈၅၇ ဦးတို့အား တစ်ဦးလျှင် ဆန်(၂)ဗူးနှုန်းဖြင့် ၃ လစာအတွက် စုစုပေါင်းဆန် ၆၄၂၈ အိတ်ကိုလည်းကောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၂၃ စု၊ လူဦးရေ ၈၆၈ ဦးအတွက် အမျိုးသားသဘာဝ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန်အိတ် ၆၀၉ အိတ်ကိုလည်းကောင်း၊ မေလ ၃ ရက်နေ့တွင် ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၁၃၉၅)စု၊ လူဦးရေ(၅၄၉၄)ဦးအတွက် အမျိုးသားသဘာဝ အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန် ၃၈၆၂ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေလ ၄ ရက်နေ့ နံနက်ပိုင်းက သာမညကျေးရွာ ပအိုဝ်းနှစ်သစ်ကူး ကွင်းဓမ္မာရုံ၌ ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၉၃၃ စု၊ လူဦးရေ ၃၆၆၃ ဦးအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန်ရိက္ခာ ၂၅၇၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခနိမ်းဒိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြည်ထောင်စုပိုလျှံရန်ပုံငွေ GRF ၁၄၂ ဒဿမ ၈၁၃ သန်းဖြင့် နန်းအေးရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၉၀ x ၃၀)ပေ Steel Structure တစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက အဆောက်အဦ၏ ၂၀ ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးမှု နှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံ ညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နောက်လုံအနောက်ကျေးရွာအုပ်စု၊ ကော့မားကယ်ကျေးရွာ၊ ကွင်းအမှတ် ၁၁၆၆/ခ ကွင်းတွင် အောင်မြင်ဖြစ်ထွန်းနေသော နွေစပါးဆင်းသုခ တစ်ကွင်းတစ်ဆက်တည်း ၂၁၁ ဧကစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တစ်ဧကပန်းတိုင် ရည်မှန်းချက်အထွက်နှုန်းပြည့်မီရေးကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီး က တောင်သူများနှင့်တွေ့ဆုံကာ လာမည့်နွေစပါးစိုက်ရာသီတွင် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စံပြနွေစပါးစိုက်ခင်း အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေးမှာကြားခဲ့ပါသည်။

 


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,