ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 14, 2025


     အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးဇော်မျိုးအောင်(၄၂)နှစ်နှင့် နန့်တော်တိုး ကျေးရွာနေ ဦးတူး(၆၅)နှစ်တို့သည် ဘားအံမြို့မှ ကော့ကရိတ်မြို့သို့ 8M-XXXX LIGHT TRUCK အဖြူရောင်မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် နန့်တော်တိုးကျေးရွာအနီး ကတ္တရာ လမ်းမပေါ်အရောက် မော်တော်ယာဉ်အနီးသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူ များက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူး ပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Posted on Aug 16, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Posted on Aug 15, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on Aug 14, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 13, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Posted on Aug 12, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Posted on Aug 10, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Posted on Aug 15, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Posted on Aug 15, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Posted on Aug 15, 2025

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း