ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားရှိ တံတားအမှတ် (၄/၂)အား လက်လုပ်မိုင်း တစ်လုံးဖြင့် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားရှိ တံတားအမှတ် (၄/၂)အား လက်လုပ်မိုင်း တစ်လုံးဖြင့် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 10, 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား တံတားအမှတ် (၄/၂)၊ အရှည် ၄ ပေ၊ အကျယ် ၄၀ ပေရှိ သံကူကွန်ကရစ် အမျိုးအစား ရေကျော်မြောင်းကူးတံတားအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်း တစ်လုံးဖြင့် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် တံတားဘေးပေါင်အုတ်ခုံ ခြောက်ပေခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း
Posted on Dec 10, 2025အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း
