ကောင်းခြင်းမင်္ဂလာအဖြာဖြာပြည့်စုံမည့် နှစ်သစ်ကိုစည်းလုံးညီညွတ်မှုဖြင့်ကြိုဆို

ကောင်းခြင်းမင်္ဂလာအဖြာဖြာပြည့်စုံမည့် နှစ်သစ်ကိုစည်းလုံးညီညွတ်မှုဖြင့်ကြိုဆို


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2026
image_latest


၂၀၂၅ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ် နှစ်သစ်ကို စတင်ရောက်ရှိပြီဖြစ်သည်။ နှစ်သစ်တစ်နှစ်သို့ စတင်ရောက်ရှိသည့်အချိန်တွင် ကမ္ဘာပေါ်ရှိလူသားအားလုံးတို့အနေဖြင့် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းတို့ကို တစုတဝေးတည်း စတင်အချက်ပေး၍ ကြိုဆိုခဲ့ကြသည်။ နိုင်ငံအားလုံးတို့တွင် နှစ်သစ်ကြိုဆိုပွဲများပြုလုပ်ကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း အတူပါဝင်ပျော်ရွှင်စွာကြိုဆိုခဲ့ကြပေသည်။ ယခု ၂၀၂၆ ခုနှစ် နှစ်သစ်အနေဖြင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ တစ်မူထူးကဲစွာ မင်္ဂလာအပေါင်းတို့ပေါင်းစုပြီး ကြိုဆိုခဲ့ကြသည်။

အကြောင်းတစ်ခုမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ပြီးခဲ့သည့်နှစ်ဟောင်းအတွင်း နိုင်ငံသားအချင်းချင်း ယုံကြည်ချက်၊ ခံယူချက်စိတ်သဘောထားချင်း ကွဲပြားခြားနားမှုအရ တစ်ဦးအပေါ်တစ်ဦး ရန်လိုမုန်းထားဖြစ်မှုများ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမုန်းအာဃာတများနှင့် တိုက်ခိုက်မှုများအဆုံးသတ်ရန် အခြေအနေကောင်းများ ဖြစ်ပေါ်လာခြင်း၊ ဒုတိယအချက်မှာ ပြည်သူအားလုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာစတင်ကျင်းပနိုင်ခြင်း၊တတိယအချက်တစ်ခုမှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုအတိုင်း အတာတစ်ခုအထိ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ၂၀၂၆ နှစ်သစ်တွင် ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံမည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။

ကောင်းခြင်းအဖြာဖြာတို့ကို လိုလားသူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုကြရမည်ဖြစ်သလို မလိုလားသူများအနေဖြင့်လည်း ဖြစ်ပေါ်လာမည့်အခြေအနေမှန်ကို နားလည်လက်ခံသဘောပေါက်ပြီး ပြည်ထောင်စုအကျိုး၊ ပြည်သူအားလုံးတို့၏အကျိုးကိုရှေးရှု၍ အပြုသဘောဆောင် အကောင်းမြင်စိတ်ထားဖြင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်လိုပေသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် အခွင့်အရေးများကို နိုင်ငံသားအားလုံးခံစားခွင့်ရှိသည်။ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိမှသာ လွတ်လပ်ရေးနှင့်ထိုက်တန်သော နိုင်ငံဖြစ်ပေမည်။ နိုင်ငံသားအားလုံး တန်းတူညီမျှအခွင့်အရေးများမရရှိပါက တိုင်းတစ်ပါးက အထင်သေးခြင်း၊ နှိမ့်ချခြင်းခံရနိုင်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်စေမည့် အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားပါသည်။ သို့သော် နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါး အချိန်ကြာမြင့်သည့်တိုင်အောင် အချင်းချင်းမညီညွတ်မှုကြောင့်၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံအနေဖြင့် ရှေ့သို့တိုးမည့်အခြေအနေရှိလိုက် နောက်သို့ ပြန်သည့်အခြေအနေဖြစ်လိုက်နှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်နေသည်ဟု ပြောဆိုနေကြသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ နိုင်ငံ၏သမိုင်းကို မိမိတို့လက်ထက်တွင် ဤသို့အဖြစ်ခံမည်လောဟု မေးခွန်းထုတ်ကြရမည်ဖြစ်သည်။ အနာဂတ်မျိုးဆက်သစ်များကို ဆိုးမွေများပေးခဲ့မည်လော၊ ကောင်းမွေများပေးခဲ့မည်လောဟု ဆုံးဖြတ်ကြရမည်ဖြစ်သည်။

နိုင်ငံကို ချစ်သည်ဆိုပါလျှင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူပူးပေါင်းလက်တွဲပြီး နိုင်ငံအရွေ့ရှေ့တိုးနိုင်အောင် အင်တိုက်အားတိုက် ပြိုင်တူတွန်းကြရမည်ဖြစ်သည်။ အဂတိကင်းစင်သည့်နိုင်ငံ၊ အရည်အသွေးပြည့်ဝသည့် ပြည်သူ၊ ဒေသကောင်းကျိုး၊ နိုင်ငံကောင်းကျိုးဆောင်ကြဉ်းပေးမည့် ကိုယ်စားလှယ်၊ မူဝါဒကောင်း၊ စီမံခန့်ခွဲမှုကောင်းများ ဖန်တီးပေးမည့်အစိုးရ၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ပေးမည့် တပ်မတော်တို့အတူလက်တွဲပြီး နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ရမည့်အချိန် ရောက်ရှိလာပြီဖြစ်သည်။ ယခု ၂၀၂၆ ခုနှစ် နှစ်သစ်သည် ဖော်ပြပါမင်္ဂလာအပေါင်းကို ဆောင်ကြဉ်းပေးမည့် နှစ်သစ်ဟုဆိုချင်သည်။ နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစွာပေါ်ထွန်းလာရေး၊ ပြည်သူများလိုလားသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး၊ ရွေးကောက်ပွဲမှပေါ်ထွက်လာမည့် ဒီမိုကရေစီအစိုးရကောင်းတစ်ရပ်ပေါ်ထွန်းရေးစသည့် အခြေအနေကောင်းများကို အစိုးရ၊ ပြည်သူ၊ တပ်မတော်တို့လက်တွဲပြီး အောင်မြင်မှုမှတ်တိုင်များ စိုက်ထူခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်တွင်ရရှိပြီးသော အခြေအနေကောင်းများကို ၂၀၂၆ ခုနှစ် နှစ်သစ်ကာလမှစ၍ နိုင်ငံတော်အနာဂတ် အကောင်းဘက်ရောက်အောင် ဆက်လက်သယ်ဆောင်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရန် ပြည်ထောင်စုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုကိုစိုက်ထူ၍ နိုင်ငံသူ နိုင်ငံသားအားလုံး တက်ညီလက်ညီလက်တွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်း နှစ်သစ်ကိုကြိုဆိုဆန္ဒပြုလိုက်ပါကြောင်း။ ။


၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Posted on Jan 01, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 31, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Dec 30, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Dec 29, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 28, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Posted on Dec 27, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Posted on Jan 1, 2026

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Posted on Jan 1, 2026

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

HOT NEWS
January 4,