ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းတက်ကြဖို့ဝိုင်းဝန်းကြိုးပမ်းစို့

ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းတက်ကြဖို့ဝိုင်းဝန်းကြိုးပမ်းစို့


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 22, 2026
image_latest


၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံ ရေးသီတင်းပတ်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ရင်သွေးငယ်သားသမီးများအားလုံး ကျောင်းတက်နိုင်ကြစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍသည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင် အရေအတွက်နည်းနေခြင်းသည် ပညာကိုစဉ်ဆက်မပြတ်သင်ယူသူ နည်းပါးနေခြင်းကြောင့်ဖြစ်သည်။ နိုင်ငံ၏ လူဦးရေနှင့်နှိုင်းယှဉ်လျှင် ပညာသင်ယူသူအရေအတွက်နည်းနေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ နောက်ကျကျန်လျက်ရှိသည်။ မိဘတိုင်း၊ ကလေးငယ်တိုင်းအနေဖြင့် ပညာတတ်လိုကြသူများဖြစ်သည်။ သို့သော် ပညာသင်ယူမှုအခွင့်အလမ်းများရှိပါလျက် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမနေနိုင်ကြသူများ၊ ပညာသင်ယူမှုအတန်းအဆင့်အလိုက် စာသင်ကျောင်းများနှင့် ကင်းကွာသွားသူများ များစွာရှိနေသည်။ မိမိတို့၏ဘဝ၊ လွဲမှားသည့်အယူအဆနှင့် ပတ်ဝန်းကျင်၏ရိုက်ခတ်မှုများကြောင့် ပညာရေးဆုံးခန်းမတိုင်ခင် ပညာသင်ယူရေးရပ်တန့်မှုများရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ့အသံကို အလေးထားပြီး ပြည်သူများ၏လိုအပ်ချက်ကို အစဉ်ဖြည့်ဆည်းပေးလျက်ရှိသည်။ နိုင်ငံသားတစ်ဦးရရှိရမည့် ပညာသင်ယူမှုအခွင့်အရေးကို အလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူ့အကျိုးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်အနာဂတ်ကို မျှော်မှန်း၍လည်းကောင်း ကျောင်းပြင်ပရောက်ကလေးများ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိရေးအတွက် သတ်မှတ်ထားသောမူဝါဒများကိုလျှော့ချ၍ Placement Test (အထူးအစီအစဉ်) အဖြစ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းသားများ ပညာပြန်လည်သင်ကြားရေးအစီအစဉ်ကို ဖော်ဆောင်လျက်ရှိသည်။

အဆိုပါကျောင်းသားများကို ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း၊ သင့်လျော်ကိုက်ညီသည့်အတန်းတွင် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ပေးသည့် အရည်အချင်းစစ်စာမေးပွဲပါဝင်သည်။ အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျောင်းပြင်ပရောက် အသက် ၁၅ နှစ်ထက်မကျော်လွန်သည့် ကလေးများအားလုံး အကျုံးဝင်မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များပေါများရေး၊ ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံအကျိုးပြု အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရာ အခြေခံပညာကျောင်းများ အရည်အသွေးတိုးတက်မြင့်မားရေးကို ဖြည့်ဆည်းပေးလျက်ရှိသည်။

ကျောင်းပြင်ပရောက်ရှိသွားသည့်ကလေးများသည် ပညာသင်ယူခွင့် ရပ်တန့်သွားခြင်းမရှိပါ။ ကျောင်းပြင်ပမှ လေ့လာသင်ယူနေသူများရှိသော်လည်း ပညာအရည်အချင်းကိုသတ်မှတ်သည့် အာမခံချက်အထောက်အထားမရနိုင်ပါ။ စာတတ်ပြီး အတန်းပညာမရှိခြင်းသည် လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆံ့ရန်ခက်ခဲပါသည်။ မည်သည့်လုပ်ငန်းခွင်မဆို အနိမ့်ဆုံးအောင်မြင်ရမည့် ပညာအဆင့်ရှိရမည်ဖြစ်သည်။ အတန်းပညာ၊ ဘွဲ့၊ ဒီဂရီများရှိမှသာ အခွင့်အရေးရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ကျောင်းသားလူငယ်ထုတစ်ရပ်လုံး၏ ပညာရည်တိုးတက်ရေးကို လိုလားသည့်စေတနာမှန်ဖြင့် ယခုပညာသင်နှစ်တွင် စတင်ပြုလုပ်ပေးသော အထူးအစီအစဉ်တွင် မိဘပြည်သူအားလုံးက ကျောင်းပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ခဲ့ကြသည့် မိမိတို့၏ရင်သွေးငယ်များ ပညာသင်ယူခွင့်ရရေး တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသည့်ဒေသများမှကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိရေး၊ လူမှုစီးပွားအခြေအနေအရ ကျောင်းထွက်လိုက်ရသည့် ကလေးငယ်များ အနည်းဆုံးအဆင့်အထိ ပညာဆက်လက်သင်ကြားရေးအတွက် နိုင်ငံတော်က ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများနှင့်အတူ မိဘ၊ ဆရာ၊ အုပ်ထိန်းသူများ အားလုံးက နိုးကြားတက်ကြွစွာ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း