ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 17, 2025

နေပြည်တော် ဇွန် ၁၇
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ဆွမ်းဦးပုညရှင်စေတီ၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်နှင့် မဟာစေတီတော်တို့ရှိ သာသနိကအဆောက်အအုံများ၌ အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှုများ၊ စစ်ကိုင်းမြို့အတွင်းရှိ စေတီပုထိုးများ၊ ကျောင်းတိုက်များနှင့် သီလရှင်စာသင်တိုက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများအား အားဖြည့်အချိုရည်များပေးအပ်သည်။
ယင်းနောက် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့် နေအိမ်အဆောက်အအုံများအား လူအင်အားနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်းကျေးရွာရှိ မဟာသကျရံသီကျောက်တော်ကြီး မြတ်စွာဘုရား၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ ပြဿဒ်စေတီတော် တတိယပစ္စယံအထက် ကွန်းတောင်လှိုဏ်ဂူအတွင်းမှ ထပ်မံတွေ့ရှိရသော ငွေဆင်းတုတော် (၂၁၉)ဆူ၊ ရွှေဆင်းတုတော် (၁၄)ဆူ၊ ဓာတ်တော်ပုလင်းနှင့် ဓာတ်တော်များ၊ စေတီတော်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးနှင့် စေတီတော်ကြီးအား ပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ရှိ ချမ်းသာကြီး မြတ်စွာဘုရားရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးသွားသော သာသနိကအဆောက်အအုံများအား အဖွဲ့အစည်းအသီးသီးက ဖယ်ရှားရှင်းလင်းနေမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြတိုက်အတွင်းရှိ ရှေးဟောင်းဆင်းတုတော် ရုပ်ပွားတော်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်နှင့် သီရိမာလာအရှေ့ရပ်ကွက်ရှိ အန္တရာယ်ရှိ နေအိမ်အဆောက်အအုံများအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖြိုချရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။