ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 25, 2025

နေပြည်တော် ဇွန် ၂၅
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိဆွမ်းဦးပုညရှင်စေတီ၊ ရာဇမဏိ စူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် လေးကျွန်းမာရ်အောင်မြတ်စွာဘုရားတို့၌ ငလျင်အတွင်း ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပရဝုဏ်များအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် နေရာများဖြစ်သည့် မဟာစေတီလှစေတီကြီးအား အသစ်ပြန်လည်တည်ထားကိုးကွယ်မည့် မြေနေရာကို ပြင်ဆင်ဆောင်ရွက်နေမှု၊ ဉမင်ကိုးဆယ်ဘုရားရှိ သီတဂူရေပေးဝေရေးရေလှောင်ကန်အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ တောလေးထပ်ကျောင်းတိုက်၌ သာသနိကအဆောက်အအုံအပျက်အစီးများကို အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှုနှင့် ဇေတဝန်ဘုရား ပုရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများပျက်စီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော
ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ စစ်ကိုင်းမြို့အတွင်းရှိ နေအိမ်အဆောက်အအုံအပျက်အစီးများအား အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုနှင့် မဟာစည်းခုံ ကြီးစေတီတော် ပုရဝုဏ်အတွင်း၌ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်နိုင်ရန်အတွက် Modular House ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မဟာမုနိဘုရားကြီး ဘဏ္ဍတော်ပိုင်တိုက်တန်းရှိ ဝန်ထမ်းလိုင်းခန်းအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှု၊ မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ရပ်ကွက်ရှိ ရတနာပုံသာ ဆုတောင်းရ(ဦးပေစိ)ရှိ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုနှင့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းဆောင်တော်ကြီးရှိ စူဠာမုနိရုပ်ရှင် တော်မြတ်ကြီး၏ ပလ္လင်တော်ပြန်လည်ပြုပြင်ခြင်း၊ ရုပ်ရှင်တော်မြတ်ကြီး၏ အပေါ်ရှိ မျက်နှာကျက်အမိုးအား အပေါ်သို့ မြှင့်တင်ခြင်းနှင့် ဓာတ်လှေကားတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 25, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
Posted on Jun 25, 2025ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်