ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 30, 2025

နေပြည်တော် ဇွန် ၃၀
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် ဆွမ်းဦးပုညရှင် စေတီတော်တို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အဦများကို အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး စေတီတော်လုံးပတ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော်နှင့် မေတ္တာကန်ပုရဝုဏ်အတွင်း သန့်ရှင်သာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှ စေတီတော်အား အသစ်တဖန် ပြန်လည် တည်ထားကိုးကွယ်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မျိုးရင်ရင် သီလရှင်စာသင်တိုက်၊ ရွှေစေတီဘာသန္တရသင်တန်းကျောင်း၊ လေးကျွန်းမြေအုဠ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ ရွှေမုဋ္ဌောစေတီနှင့် ရွှေဘုန်းပွင့်ရွှေဘုန်းမြင့်စေတီများသို့သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံ အပျက်အစီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများဖြစ်သည့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ရပ်ကွက်ရှိ ရတနာပုံသာ ဆုတောင်းရ(ဦးပေစိ)ဘုရားရှိ အပျက်အစီးများအား တပ်မတော်သားများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုများနှင့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ မြင်းဝန်မင်းကြီးကျောင်းတိုက်ရှိ အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုနှင့် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မဟာမုနိဘုရားကြီး ဘဏ္ဍတော်ပိုင်တိုက်တန်းရှိ ဝန်ထမ်းလိုင်းခန်း အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီး ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အမည်မည်းစာရင်းကြေညာခြင်း
Posted on Jul 1, 2025၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Posted on Jun 30, 2025Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း
Posted on Jun 30, 2025Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း