ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့၊ လေးကျွန်းမာရ်အောင် မြတ်စွာဘုရား ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားပြုလုပ်
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့၊ လေးကျွန်းမာရ်အောင် မြတ်စွာဘုရား ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားပြုလုပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 06, 2025

နေပြည်တော် ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လေးကျွန်းမာရ်အောင်မြတ်စွာဘုရား ပန္နက်တင်ခြင်းမင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတမဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ စည်သူဘွဲ့ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက စစ်ကိုင်းတိုင်းဒေသကြီး ရွှေကျင်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရတနာဓုဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး လေးကျွန်းမာရ်အောင် မြတ်စွာဘုရား ပန္နက်တင်ခြင်းမင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာကို ပြုလုပ်ကြသည်။ ၎င်းနောက် ရွှေမိုးငွေမိုးများ ရွာသွန်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jul 4, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Posted on Jul 3, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)