ငလျင်ဘေးသင့်ပြည်သူများအတွက် ကိုရီးယားသမ္မတနိုင်ငံမှ ဆန် တန် ၃၀၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၂၇၅ တန် ထပ်မံလှူဒါန်း

ငလျင်ဘေးသင့်ပြည်သူများအတွက် ကိုရီးယားသမ္မတနိုင်ငံမှ ဆန် တန် ၃၀၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၂၇၅ တန် ထပ်မံလှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 12, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၁

အာဆီယံ အပေါင်းသုံးအရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅)အရ ငလျင်ဘေးသင့် ပြည်သူများအတွက် ထပ်မံလှူဒါန်းသည့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန် တန် ၃၀၀၀ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၂၇၅ တန်နှင့် ပုံမှန်အစီအစဉ်ဖြင့် လှူဒါန်းခြင်းအစီအစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန် ၂၀၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၃၇၅ တန်တို့နှင့်စပ်လျဉ်းသည့် သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement -MoA) လေးစောင်ကို ယနေ့လက်မှတ်ရေးထိုးသည်။

အဆိုပါ သဘောတူညီမှုစာချွန်လွှာများကို နေပြည်တော်ရှိ ရုံးအမှတ်(၁၅) ၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr. Choomjet Karn-janakesorn တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်မှတ်ရေးထိုးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် APTERR အတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

ငလျင်ကြီးအပြီး (APTERR) အစီအစဉ်-၃ အရ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ တို့ကို ဘေးသင့်ဒေသပြည်သူများထံ ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။

ယခု ကိုရီးယားသမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထပ်မံလှူဒါန်းသည့် ဆန် ၂၇၅ တန်တို့ကို ငလျင်ဘေးသင့်ပြည်သူများထံ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး (APTERR) အစီ အစဉ်-၃ ၏ ပုံမှန်အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် ၂၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန် ၃၇၅ တန်တို့ ကို သဘာဝဘေးကြုံတွေ့လာရပါက ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Posted on Dec 10, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

HOT NEWS
January 4,