စက်ပစ္စည်း ကြီးကြပ်မှုကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ

စက်ပစ္စည်း ကြီးကြပ်မှုကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 05, 2025
image_latest


နေပြည်တော် ဇွန် ၄

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာန မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းများကို စစ်ဆေး၍ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့် (SOP) ကို စက်မှု၊ လျှပ်စစ်၊ ပညာရှင်အင်ဂျင်နီယာများပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးအပ်၍ ရေးဆွဲမည်ဖြစ်ကြောင်း၊ ငလျင်ဘေးအပြင် သဘာဝဘေး အန္တရာယ်အားလုံးနှင့် အကျုံးဝင်သည့် စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (SOP) ကို ရေးဆွဲရမည်ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရဌာနဆိုင်ရာစက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ပြန်လည်တပ်ဆင်ခြင်း လုပ်ငန်းများအတွက် စံချိန်စံညွှန်းများနှင့်အညီ (SOP) ရေးဆွဲနိုင်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကျွမ်းကျင်ပညာရှင်များနှင့် စက်ပစ္စည်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ SOP ရေးဆွဲရာတွင် တာဝန်ပေးအပ်သည့် အင်ဂျင်နီယာကိုယ်စားလှယ်တို့ဖြင့် ညှိနှိုင်းဆွေးနွေးရန် ယခုအစည်းအဝေးကို ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကျွမ်းကျင်ပညာရှင်များက ငလျင်ကြောင့် စက်ရုံ/အလုပ်ရုံများတွင် လေအေးပေးစနစ်နှင့် စက်စွမ်းအား သုံးလေဝင်လေထွက်စနစ် ထိခိုက်ပျက်စီးမှုမှ ကာကွယ်တားဆီးခြင်း (Prevention of Earthquake Disasters for ACMV Systems in Factories)၊ ငလျင်အပြီး စက်ရုံ/အလုပ်ရုံများတွင် လေအေးပေးစနစ်နှင့် စက်စွမ်းအားသုံး လေဝင်လေထွက်စနစ် ထိခိုက်ပျက်စီးမှုစစ်ဆေးခြင်း (Post Earthquake Disasters Inspection for ACMV Systems in Factories) ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကနှင့် ဒုတိယဥက္ကဋ္ဌတို့က ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်နှင့်စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ ကော်မတီအဖွဲ့ဝင်များက ဝန်ကြီးဌာနများတွင် တပ်ဆင်အသုံးပြုလျက်ရှိသည့် စက်ပစ္စည်းများ အားလုံးနှင့် အကျုံးဝင်သည့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် သတ်မှတ်နိုင်ရေးတို့ကို ဝိုင်းဝန်းရှင်းလင်းဆွေးနွေးကြပြီး စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Posted on Jun 6, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

HOT NEWS
January 4,