စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 10, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်း ကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထုံးဘိုရပ်ကွက်နေ ဒေါ်ရီရီခိုင်(၅၁)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်း ကစားပြုလုပ်နေကြောင်း သတင်းအရ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်ရီရီခိုင်အား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရီရီခိုင် အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၁၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာနေ ဦးဝင်းဇော်(၄၄)နှစ်၏နေအိမ်၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဝင်းဇော်အား နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဇော် အား တောင်တွင်းကြီးမြို့မရဲစခန်း (ပ)၂၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်ရှိ ရာဇဓိရာဇ်လမ်း၌ မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ လမ်းလျှောက်လာသည့် မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်နေ ဒေါ်သူဇာထွန်း(၅၂)နှစ်အား စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် အိတ်အတွင်းမှ နှစ်လုံးထီ လောင်း ကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သူဇာထွန်း အား မုဒုံမြို့မရဲစခန်း (ပ) ၄၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တတားကျေးရွာနေ ဒေါ်အေးနိုင်(၅၆)နှစ်၏ နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်အေးနိုင်အား နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အေးနိုင် အား ဇင်းကျိုက်နယ်မြေရဲစခန်း (ပ)၁၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဒေါ်ဝင်းကြည်(၆၄)နှစ်၏နေအိမ်၌ နှစ်လုံး၊ သုံးလုံးထီ လောင်း ကစားပြုလုပ်နေကြောင်း သတင်းအရ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်ဝင်းကြည်အား နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းကြည် အား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၃၆/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
ထို့အတူ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဒေပင်ကျေးရွာနေ ဒေါ်ပန်းအိစံ(၃၉)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်ပန်းအိစံအား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပန်းအိစံ အား မှော်ဘီမြို့မရဲစ ခန်း (ပ)၁၈၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
Posted on May 21, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
