စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မုံရွာနည်းပညာတက္ကသိုလ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မုံရွာနည်းပညာတက္ကသိုလ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025


     နိုင်ငံရေးအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများသည် “ပြည်သူလူထု အကျိုးအတွက်” ဟု ခေါင်းစဉ်တပ် အမည်ခံကာ နိုင်ငံတော်အတွင်း အဖျက်အ မှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့နယ်ရှိ မုံရွာနည်းပညာတက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့သည်။

     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်ရှိ မုံရွာနည်းပညာတက္ကသိုလ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က အဆိုပါနေရာအရှေ့မြောက်ဘက်၊ မြောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အနောက်ဘက်တို့မှ စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ပစ်ခတ်မှု ရပ်နားသွားခဲ့ပြီး အကြမ်းဖက်သမားများက ဆည်ကြီးတောကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

     ထိုသို့ ပညာရေးအဆောက်အအုံများအား ယုတ်မာရိုင်းစိုင်းသည့် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများ ကျူးလွန်လုပ် ဆောင်ခဲ့သော အကြမ်းဖက်သမားများအား အမြစ်ဖြတ်ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,