စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၆ ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၆ ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 24, 2024

၂၀၂၄ ခုနှစ် ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မြသိန်းတန်ဘုရားအနီးရှိ ရှားရောင်းကျေးရွာ၊ မင်းကွန်း(မြောက်)ရွာနှင့် မင်းကွန်း(တောင်)ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ဈေးဆိုင်ခန်းများနှင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၆ ဦး ထက်မနည်းကိုလည်း ဖမ်းဆီးသွားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မင်းကွန်းကျေးရွာအနီးသို့ PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိနေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက လိုအပ်သောနယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့နောက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသည့် PDF အမည်ခံအကြမ်းဖက်သမားများက ဆုတ်ခွာထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ လျှပ်စစ်မီးကြိုးများကို ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်အချို့တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သော်လည်း အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ကျေးရွာအတွင်း ရေပေးဝေသည့် ရေပိုက်လိုင်းများ မီးလောင်ပျက်စီးခဲ့ကြောင်း၊ နေအိမ် ၆ လုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများသည် ဘုရားစေတီပုထိုးများကို ဖူးမြော်ကြည်ညိုရန် လာရောက်သည့်ပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုများဖြင့် စည်းကားလျက်ရှိသည့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာကို တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မဟုတ်မမှန်စွပ်စွဲရေးသားပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။