စနေအထူးစုပေါင်းသန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

စနေအထူးစုပေါင်းသန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 03, 2023
image_latest


ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ တပ်မတော်ဓမ္မာရုံဝင်းအတွင်း စနေအထူးစုပေါင်း သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဓမ္မာရုံဝင်းအတွင်း မြေထိန်းနံရံများရှိ ရေညှိများနှင့် တွယ်ကပ်ပင်များ၊ အဆောက်အအုံအမိုးပေါ်ရှိ အမှိုက်များနှင့် အဆောက်အအုံနှင့် ထိစပ်နေသည့်သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၁)ရပ်ကွက် အတွင်းရှိ ချင်းတွင်းလမ်းဘေးဝဲ/ယာနှင့် ရတနာလမ်းဘေးဝဲ/ယာ တို့တွင် မြက်ပင်ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းနေမှု၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်‌နေမှုနှင့် ရတနာလမ်းနှင့်မြနန္ဒာလမ်းအကြား ချင်းတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 11, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 10, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၉ ရက်၊ တနင်္လာနေ့။


Posted on Sep 09, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 08, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၇ ရက်၊ စနေနေ့။


Posted on Sep 07, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၆ ရက်၊ သောကြာနေ့။


Posted on Sep 06, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Sep 6, 2024

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “အဂတိပယ်ခွာပြည်သာယာ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်ပါသတ်မှတ်ချက်များ နှင့်ကိုက်ညီသည့်လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် -

HOT NEWS
January 4,