စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 23, 2026
နေပြည်တော် မေ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ရသစာတမ်း ဒုတိယဆုရရှိသည့် စာရေးသူ သုတိဩဘာ (ဆင်ပေါင်ဝဲ) ၏ ‘ရွာဦးကျောင်း ဆရာတော်တစ်ပါး၏ ဘဝမှတ်တမ်း’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စာတမ်းတို (၂၇) ပုဒ်ပါဝင်သည်။ အကြောင်းကြောင်းကြောင့် စိတ်ဝမ်းကွဲပြီး မညီမညွတ်ဖြစ်နေသော ရွာနှစ်ရွာရှိ ရွာသူ ရွာသားများကို ညီညွတ်မျှတ၊ သဟဇာတဖြစ်လာအောင် စာရေးသူရဟန်းက ခက်ခက်ခဲခဲကြိုးပမ်းရင်း ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့၊ ဒုက္ခအဖုံဖုံ၊ စိန်ခေါ်မှုမျိုးစုံတို့ကို လောကအကြောင်း၊ ဓမ္မကြောင်းတို့ဖြင့်လည်းကောင်း၊ ဟာသနှော၍လည်းကောင်း စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးဖွဲ့ခြယ်မှုန်းထားသည့် ရသစာစုများပါဝင်သော စာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၄၅ဝဝ ဖြင့် အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
