စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME လုပ်ငန်းတွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ဖို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ Digital Corner ပြခန်းကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်
စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME လုပ်ငန်းတွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ဖို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ Digital Corner ပြခန်းကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 09, 2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှစ၍ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုယ်စား ပြုပြခန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်-
မေး ။ ။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ စျေးရောင်းပွဲတော် (နေပြည်တော်)မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ Digital Corner ပြခန်းမှာ ဘယ်လိုပြသဆောင်ရွက်နေလဲဆိုတာ သိရှိလိုပါတယ်။
ဖြေ ။ ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြခန်းအမှတ်(၃၅)၊ Digital Corner ပြခန်းမှာ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုတဲ့ အမျိုးသားရေးဆောင်ပုဒ်ကြီးတွေကို အောင်မြင်အောင်ဆောင်ရွက်ရာမှာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဘယ်လိုမျိုး တစ်တပ်တစ်အား အထောက်အကူပြု ဆောင်ရွက်နိုင်တယ်ဆိုတာကို လက်တွေ့ကျကျ ပြသထားပါတယ်။
အထူးသဖြင့် မနှစ်ကကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် MSME ပြပွဲရဲ့ Digital Corner ပြခန်းမှာ နိုင်ငံတော်အကြီးအကဲရဲ့ ဒစ်ဂျစ်တယ်ပြကွက်သုံးခု လမ်းညွှန်ချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတွေကိုပါ တင်ပြထားတာကို စတင်ဖြေကြားလိုပါတယ်။ ဒစ်ဂျစ်တယ်ပြကွက် ၁ AgroSight : Agricultural Market Insight and Analysis System မှာ လမ်းညွှန်ချက်အတိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ကုန်စည်ဒိုင်တွေမှာ ရောင်းချလျက်ရှိတဲ့ ဆန်စပါးနဲ့ ကောက်ပဲသီးနှံဈေးကွက်အခြေအနေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် Website (https://agrosightinfo.com/) ရေးဆွဲပြီး ယနေ့မှာတော့ ပြည်ထောင်စုအဆင့် MSME အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ စတင် လွှင့်တင်နိုင်ပြီဖြစ်ပါတယ်။ ဒီ Website မှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာရှိတဲ့ ကုန်စည်ဒိုင်တွေရဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ အစေ့ထုတ်ပြောင်းတို့ရဲ့ စျေးနှုန်းအတက်အကျအခြေအနေကို ၇ ရက်မှသည် နှစ်အလိုက်၊ အချိန်ကာလအလိုက် လေ့လာကြည့်ရှုနိုင်အောင် Data Analytics၊ Machine Learning၊ Time-series Analysis နဲ့ Data Visua-lization နည်းပညာတွေကိုအသုံးပြုကာ AI အသုံးပြုစျေးနှုန်းခန့်မှန်းခြင်းတွေ ပြုလုပ်နိုင်အောင် ရေးသားတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီ Website ကို တောင်သူလယ်သမားတွေ၊ စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းအခြေပြု MSME လုပ်ငန်းရှင်တွေ သုံးစွဲခြင်းအားဖြင့် ဈေးကွက်အခြေအနေကို လွယ်ကူရှင်းလင်းစွာသိရှိနိုင်ခြင်း၊ ဈေးကွက်အချက်အလက်တွေကို စံနှုန်းဖြင့် သိမ်းဆည်းနိုင်ခြင်း၊ ဈေးကွက်ပွင့်လင်းမြင်သာမှု ပိုမိုတိုးတက်လာခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် စျေးနှုန်းပြောင်းလဲနိုင်မှုတို့ကိုပါသိရှိနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင် တဲ့အပြင် ရောင်းချချိန်နဲ့ ဝယ်ယူချိန်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုတွေကို လက်တွေ့ကျကျ အထောက်အကူပြုပေးနိုင်စေမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ပြကွက် ၂ ဖြစ်တဲ့ AyarFarm မှာ လမ်းညွှန်ချက် အတိုင်းဒေသနဲ့ ကိုက်ညီသော အချက်အလက်တွေ ထည့်သွင်းနိုင်ရေးကို ကဏ္ဍအပိုင်း လေးပိုင်းခွဲပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ကောက်ပဲသီးနှံ စိုက်ပျိုးရေးအတွက် မအူပင်မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ထားတယ်။ ခြံမွေးတိရစ္ဆာန်တွေအတွက် မအူပင်မြို့နယ်ရှိ စိုင်းသီဟနှင့် ဧရာမင်္ဂလာကြက် မွေးမြူရေး၊ ရွှေနဂါးမင်း Manufacturing Company Limited ဘဲမွေးမြူရေး၊ ပန်းတနော်မြို့နယ်ရှိ Htoo Htet Han ဝက်မွေးမြူရေး၊ Top Dairy နွားမွေးမြူရေးတို့နဲ့ ဆက်သွယ်ဆောင်ရွက်ထားတယ်။ ငါးမွေးမြူရေးအတွက် မအူပင်မြို့နယ်ရှိ တလုပ်လှငါးမွေးမြူရေးစခန်း၊ ပန်းတနော်မြို့နယ်ရှိ Global Earth ကုမ္ပဏီတို့နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ထားတယ်။ လယ်ယာသုံးစက်ကိရိယာတွေအတွက် ပန်းတနော်မြို့နယ်ရှိ ကိုချစ်ဖွယ် လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနဲ့ ချိတ်ဆက်ပြီး အချက်အလက်တွေကိုရယူကာ AyarFarm Application အတွင်း ဖြည့်စွက်ပြီးဖြစ်ပါတယ်။
ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ MSME လုပ်ကိုင်သူတွေနဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ အလွယ်တကူဆွေးနွေးတိုင်ပင်နိုင်အောင် စာပို့စနစ်တစ်ခုကိုပါ Application အတွင်း ဖြည့်စွက်ထည့်သွင်းပြီးဖြစ်ပါတယ်။ ဒီ Application ကို အသုံးပြုခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေအတွက် အသိပညာဗဟုသုတတွေရရှိနိုင်ပြီး လုပ်ငန်းတွေ တိုးတက်အောင်ဆောင်ရွက်ဖို့ အကြံဉာဏ်တွေကိုပါ ရယူနိုင်ပါတယ်။
ဒစ်ဂျစ်တယ်ပြကွက် ၃ ရဲ့ Digital Transfor-mation of MSME Website မှာ လမ်းညွှန်ချက်အတိုင်း ပုသိမ်မြို့ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ ပုသိမ်ထီးနှင့် ပုသိမ်ဟာလဝါလုပ်ငန်းများဆိုင်ရာ အချက် အလက်တွေကို စုံလင်အောင် ဆက်လက်ဖြည့်စွက်ထားပြီး ထုတ်ကုန်နဲ့မွေးမြူရေးကဏ္ဍအတွက် အထောက်အပံ့ဖြစ်စေတဲ့ ဆန်စက်တွေနဲ့ ကြက်မွေးမြူရေးလုပ်ငန်းတွေကိုလည်း ဖြည့်သွင်းရေးသားထားပြီးဖြစ်ပါတယ်။ ဒီ Website ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုတဲ့ ကဏ္ဍငါးခုနဲ့ ဖွဲ့စည်းရေးဆွဲထားပြီး အများပြည်သူတွေ အလွယ်တကူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ အဆိုပါ Website ကို အသုံးပြုခြင်းအားဖြင့် MSME ကုန်သွယ်မှုတွေကို ပိုမိုအရှိန်အဟုန်မြှင့်တင် နိုင်ခြင်း၊ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်ခြင်း၊ ခန့်မှန်းတွက်ချက်မှုတွေနဲ့ အကြံဉာဏ်တွေကိုပါ ရယူနိုင်တဲ့အတွက် လုပ်ငန်းတွေကို ပိုမိုအဆင်ပြေအောင် လည်ပတ်ဆောင်ရွက် နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေမှာပဲဖြစ်ပါတယ်။
Digital Corner ပြခန်းမှာ အခြားသောပြကွက် ၁၅ ကွက်ကို ပြသထားရာမှာ AI သုံး သီးနှံကောင်းမွန်စေရေး စောင့်ကြည့်ထိန်းချုပ်စနစ်၊ တက္ကသိုလ်နဲ့ လုပ်ငန်းခွင်ချိတ်ဆက် ဒစ်ဂျစ်တယ်ပလက်ဖောင်း၊ MSME လုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ အလိုအလျောက်စနစ်တွေနဲ့ စက်ရုပ်နည်းပညာ၊ ဘဏ္ဍာရေးလုပ်ငန်းသုံး Cyber security စနစ်၊ စွန့်ပစ်ပစ္စည်း တွေနဲ့ ထုတ်လုပ်ထားသော ထုတ်ကုန်တွေကိုသာ ရောင်းချပေးတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်း စတာတွေကို ပြသထားတာဖြစ်လို့ ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာဗဟုသုတတွေ တိုးပွားစေနိုင်ပြီး လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ဒစ်ဂျစ်တယ်အတွေးအမြင်တွေ ရရှိစေနိုင်ပါတယ်။
မေး ။ ။ ပြည်သူတွေနဲ့ MSME လုပ်ငန်းရှင်တွေကို ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့ Digital Corner ပြခန်းမှာ ခင်းကျင်းပြသထားတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေဟာ ဆက်စပ်ဌာနတွေ၊ ပြင်ပလုပ်ငန်းတွေထံမှ ဒေတာအချက်အလက်တွေရယူခဲ့ပြီး သက်ဆိုင်ရာတက္ကသိုလ်တွေမှာရှိတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေက ပူးပေါင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီလိုပြည်တွင်း ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို သုံးစွဲခြင်းဟာ ပြည်ပဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ သုံးစွဲခြင်းထက် ပိုမိုသင့်တော်ကောင်းမွန်ပါတယ်။ ကိုယ်ပိုင်ရေးဆွဲတည်ထောင်ထားတာဖြစ်လို့ ကိုယ့်စိတ်ကြိုက် ထိန်းချုပ်ကွပ်ကဲနိုင်ပြီး ကိုယ့်နိုင်ငံက ပြည်သူတွေရဲ့ ကြိုက်နှစ်သက်မှုနဲ့ စျေးကွက်အခြေအနေ၊ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ လုပ်ငန်းအခြေအနေ၊ ကိုယ့်နိုင်ငံကလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလည်ပတ်မှုအခြေအနေစတဲ့ တန်ဖိုးရှိတဲ့ဒေတာတွေ၊ စစ်တမ်းဒေတာတွေ၊ မေးမြန်းမှုဆိုင်ရာဒေတာတွေကိုလည်း အခြားနိုင်ငံကို အလွယ်တကူနဲ့ မရောက်ရှိသွားတော့ဘူး။ ပြီးရင် လက်တွေ့ကျတဲ့ ဒေတာတွေကို ယုံကြည်စွာသုံးစွဲနိုင်ပြီး ဒေတာပိုင်ဆိုင်မှုနဲ့ လုံခြုံစိတ်ချရမှုကို ပိုမိုခိုင်မာအားကောင်းစေပါတယ်။
ဒါ့အပြင် သုံးစွဲသူတွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဒစ်ဂျစ်တယ်ပလက်ဖောင်းအပေါ် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ဖြည့်စွက် မွမ်းမံမှုတွေကိုလည်း တခြားနိုင်ငံနဲ့ ပြည်ပ ပညာရှင်အကူအညီမပါဘဲ ကုန်ကျစရိတ် သက်သာစွာဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။ သူတို့တွေကိုသွားအားကိုးရင် ရေရှည်မှာ လိုင်စင်ခ၊ ပြုပြင်ထိန်းသိမ်းခ စတာတွေ ကုန်ကျစရိတ် တွေပိုလာမှာပါ။ ဒါကြောင့် MSME လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေကို ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာစျေးကွက်အထိ ထိုးဖောက်နေရာယူနိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုရင် ကိုယ့်စိတ်ကြိုက်ထိန်းကျောင်းဆောင်ရွက်နိုင်တဲ့ ကိုယ်ပိုင်ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကိုသုံးစွဲတာကသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပိုမိုသင့်တော်ကောင်းမွန်တယ်ဆိုတာ အကြံပြုပြောကြားလိုပါတယ်။
ကျွန်တော်တို့ရဲ့ Digital Corner ပြခန်းမှာ MSME လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာလိုအပ်ချက်ကို တောင်းခံပါက လုပ်ထုံးတွေနဲ့အညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာတွေရရှိစေဖို့နဲ့ စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME လုပ်ငန်းရှင်တွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ စိတ်ချယုံကြည်စွာ ကိုယ်စီလုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့ Digital Corner ပြခန်းကို လာရောက်ကြည့်ရှုလေ့လာဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုပါတယ်။
မင်းမင်း / ဓာတ်ပုံ အေးမင်း
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Posted on Feb 09, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Feb 08, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Posted on Feb 06, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Posted on Feb 04, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Feb 04, 2026
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း
Posted on Feb 8, 2026တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ
Posted on Feb 8, 2026တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
Posted on Feb 5, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
