စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအောင်မြင်ရေး ပညာပေးလုပ်ငန်းများ ပိုမိုမြှင့်တင်

စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအောင်မြင်ရေး ပညာပေးလုပ်ငန်းများ ပိုမိုမြှင့်တင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 21, 2024
image_latest


အမှိုက်စွန့်ပစ်မှု လွန်စွာစည်းစနစ်ကျပြီး တစ်ရွာလုံးအံ့ဩဖွယ် ကောင်းလောက်အောင် သန့်ရှင်းသည့်ကျေးရွာကလေး တစ်ရွာအကြောင်း သတင်းတစ်ပုဒ်မီဒီယာအချို့တွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖော်ပြခဲ့သည်။ စာသင်ကျောင်းက သင်ကြားပေးလိုက်သည့် အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းကို ကျောင်းသူ ကျောင်းသား ကလေးငယ်များက အသိတရားရှိရှိဖြင့် လိုက်ပါကျင့်သုံးကြရာမှ လူကြီးမိဘများပါ ပါဝင်လာပြီး တစ်ရွာလုံး အမှိုက်ကင်းစင်ရွာ ဖြစ်လာခဲ့ပုံမှာ အခြားမြို့ရွာများအားလုံး အတုယူဖွယ်ရာပင်ဖြစ်သည်။

အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပမှုကို လူတိုင်းနှစ်သက်ကြသော်လည်း မိမိကိုယ်ကို တာဝန်မယူနိုင်သူ၊ လူမှုတာဝန်သိစိတ်ကင်းမဲ့သူ၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ မရှိသူတို့မှာ သန့်ရှင်းသပ်ရပ်၍ သာယာလှပသည့် ပတ်ဝန်းကျင်ကို မဖန်တီးနိုင်သည့်အပြင် ပါဝင်ကူညီထိန်းသိမ်းမှုလည်း မပြုလုပ်နိုင်ကြ။ ကာလကြာရှည်စွာ အမှိုက်များပိတ်ဆို့နေသည့် ရေနုတ်မြောင်းကြီးများကို ရှင်းလင်းပေးခြင်း၊ နှစ်ရှည်လများ စွန့်ပစ်ခဲ့သည့် အမှိုက်များ တောင်ပုံယာပုံဖြစ်နေသည့် နောက်ဖေးလမ်းကြားများကို သန့်ရှင်းစေပြီး ဥယျာဉ်ငယ်များသဖွယ် ဖန်တီးခြင်းတို့ကို ပရဟိတစိတ်ဓာတ်ပြည့်ဝသူများက စုပေါင်းအင်အားဖြင့် ပြုလုပ်ပေးခဲ့သော်လည်း စည်းကမ်းမဲ့သူတို့ကြောင့် မတည်မြဲနိုင်ခဲ့။ အကယ်၍သာ အမှိုက်ကင်းစင်သည့် ရွာကလေးမှ ကလေးများနှင့် ရွာသူ ရွာသားများကဲ့သို့ စိတ်ဓာတ်ကောင်းနှင့် အလေ့အကျင့်ကောင်းတို့ ရှိကြမည်ဆိုလျှင် မြို့တိုင်း၊ ရွာတိုင်း အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာပြီး ကျန်းမာရေးနှင့်ကိုက်ညီသည့် ပတ်ဝန်းကျင်များ ပေါ်ထွက်လာမည်ဖြစ်သည်။

လူဦးရေတိုးပွားလာပြီး စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အမျှ စွန့်ပစ်ပစ္စည်းများလည်း များပြားလာလျက်ရှိရာ အဆိုပါ အခြေအနေကို ရေရှည်ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် “မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀)” ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မဟာဗျူဟာ ပန်းတိုင်များအဖြစ် (က) ထိရောက် သည့် စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် လဟာပြင် မီးရှို့ခြင်းများ ပပျောက်ရေးဆောင်ရွက်ခြင်း၊ (ခ) ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများအတွက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသော စီမံခန့်ခွဲမှုစနစ်ကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ (ဂ) ထွက်ရှိမှု လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (3Rs) ဖြင့် စွန့်ပစ်ပစ္စည်းထွက်ရှိမှုများကို ကာကွယ်ခြင်း၊ (ဃ) စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အစဉ်လည်ပတ်နေမည့် ရန်ပုံငွေထားရှိစေခြင်း၊ (င) အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ထောက်ခံအားပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ (စ) လိုက်နာဆောင်ရွက်ခြင်း၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်စေခြင်းဟူ၍ ရည်မှန်းချက် ပန်းတိုင် (၆) ခု ချမှတ်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိစေရေးတွင် ပြည်သူများ အသိရှိရှိ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့်အလျောက် ပြည်သူများအား အသိပညာပေးမှုများ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည်။ အမျိုးသားစည်းကမ်း အစဖြစ်သော စာသင်ကျောင်းများက လေ့ကျင့်သင်ကြားပေးလိုက်သည့် အမှိုက်စွန့်ပစ်မှုအလေ့အကျင့်ကောင်းသည် ကျောင်းသူ ကျောင်းသားကလေးငယ်များမှ အစပြု၍ ရပ်ရွာထဲအထိ ရောက်ရှိခဲ့သည့် စံနမူနာအတိုင်းပင် အသိတရားစွဲမြဲဖို့က အဓိကဖြစ်သည်။ စည်းမျဉ်းစည်းကမ်းဥပဒေများ မည်မျှပင် ချမှတ်ထား သည်ဖြစ်စေ လူတိုင်းအသိကိုယ်စီဖြင့် လိုက်ပါဆောင်ရွက်ရေးသည် အရင်းခံဖြစ်သည့်အလျောက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ပညာပေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ရပါမည့်အကြောင်း။ ။


၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Mar 26, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 25, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 22, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Posted on Mar 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။