ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဗဟိုအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ

ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဗဟိုအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 04, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၃

ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဗဟိုအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မှူးများနှင့် တပ်ရင်းမှူးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ EPI Focal များ၊ WHO၊ UNICEF၊ CHAI အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းကိုလည်း အခြေစိုက်ကာကွယ်ဆေးထိုးစုရပ် (Fixed post) အနေဖြင့် ၂၀၁၆ ခုနှစ် မေလမှစတင်၍ ဆေးရုံ ၈၅ ရုံတွင် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် တွင် ဆေးရုံ ၄၉ ရုံ၌ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် တပ်မတော်ဆေးရုံလေးရုံအပါအဝင် ဆေးရုံ ၈၂ ရုံတွင် ထိုးနှံနိုင်မည်ဟု သိရှိရကြောင်း၊ အဆိုပါဆေးရုံများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းလမ်းညွှန်သင်တန်းများ ဆောင်ရွက်ရန်အတွက် ဆေးရုံအုပ်ကြီးများနှင့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းပေးခြင်းများကိုလည်း စနစ်တကျဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဗဟိုအဆင့် ဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Sep 06, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 03, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Sep 4, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Sep 5, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

Posted on Sep 5, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

HOT NEWS
January 4,