တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၌ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၌ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 18, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၁၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၌ ပိုင်ရှင် ဦးတင်ကိုကို(၅၈)နှစ်၏ “DIVINE ENERGY Co.,Ltd၊ စက်သုံးဆီသိုလှောင်ကန်နှင့် အရောင်းဆိုင်လုပ်ငန်း” တွင် ယာဉ်မောင်း ဦးဇင်လင်းမြတ်(၃၇)နှစ် မောင်းနှင်သည့် ယာဉ်အမှတ် TNI-10/5P-XXXX NISSAN အမျိုးအစား ဆီသယ်မော်တော်ယာဉ်မှ ဆီသိုလှောင်ကန်အတွင်းသို့ ဆီဖြည့်နေစဉ် ဒိုင်နမိုမှတစ်ဆင့် ဝိုင်ယာရှော့ဖြစ်ပြီး အနီးရှိ ဒီဇယ်ဆီဂါလန် ၁၀,၀၀၀ ဆံ့ ဆီသိုလှောင်ကန်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၄၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် TNI-10/5P-XXXX NISSAN အမျိုးအစား ဆီသယ်မော်တော်ယာဉ်၏ ယာဉ်မောင်း အပါအဝင် အမျိုးသား သုံးဦး(မီးလောင်သေဆုံး)နှင့် အမျိုးသား တစ်ဦး မီးလောင်ဒဏ်ရာ (စိုးရိမ်ရ)တို့အား မြိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယာဉ်အမှတ် TNI-10/ 5P-XXXX NISSAN အမျိုးအစား ဆီသယ်မော်တော်ယာဉ်၏ ဦးခေါင်းခန်းနှင့် ယာဉ်အမှတ် TNI-10/ 5R-XXXX DONGFENG အမျိုးအစား ဆီသယ်မော်တော်ယာဉ်၏ ဦးခေါင်းခန်းတို့ ပျက်စီးခဲ့ကြောင်း၊ ဆီသိုလှောင်ကန်ရှိ ဒီဇယ် ၁၂ ပီပါ၊ ဓာတ်ဆီ ၂ ပီပါ၊ ဆိုင်ကယ် နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဇင်လင်းမြတ်(သေဆုံး)အား မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 10, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jun 09, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Posted on Jun 8, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Posted on Jun 8, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Posted on Jun 4, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း